- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
တောင်ကိုရီးယား စစ်ဘက်အစီရင်ခံစာတွင် မြောက်ကိုရီးယားကို “ရန်သူ” ဟု ပထမဆုံးအကြိမ် ခေါ်ဆိုသုံးနှုန်း
တောင်ကိုရီးယားသည် မြောက်ကိုရီးယား အာဏာပိုင်များနှင့် စစ်တပ်အား ရန်သူဟု နောက်ဆုံးသုံးနှုန်းခဲ့သည်မှာ ၂၀၁၆ ခုနှစ်ကထွက်ရှိသည့် အစီရင်ခံစာ၌ဖြစ်သည်။
16 Feb 2023
တောင်ကိုရီးယားသည် ၎င်း၏ ကာကွယ်ရေးဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အဆိုပါစာစောင်၌ မြောက်ကိုရီးယားအား ‘ရန်သူ’ ဟု သုံးနှုန်းခေါ်ဆိုထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားသည် မြောက်ကိုရီးယား အာဏာပိုင်များနှင့် စစ်တပ်အား ရန်သူဟု နောက်ဆုံးသုံးနှုန်းခဲ့သည်မှာ ၂၀၁၆ ခုနှစ်ကထွက်ရှိသည့် အစီရင်ခံစာ၌ဖြစ်သည်။
ယခု ၂၀၂၂ အတွက် ထွက်ရှိသည့် အစီရင်ခံစာ၌ “မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက်များကို မစွန့်လွှတ်ဘဲ စစ်ရေးခြိမ်းခြောက်မှုများ ဆက်လက်ပြုလုပ်လာသည်နှင့်အမျှ ၎င်းလုပ်ရပ်များအတွက် အဓိကကျသူများဖြစ်သည့် အာဏာရှင်နှင့် စစ်တပ်တို့သည် ကျွန်ုပ်တို့၏ ရန်သူများဖြစ်သည်” ဟု ဖော်ပြထားသည်။
ထို့ပြင် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား အင်အားကို ထပ်မံဖြည့်တင်းရန်အတွက် ဓာတ်ပေါင်းဖိုမှ လောင်စာများကိုလည်း ပြန်လည် သန့်စင်လျှက်ရှိပြီး လက်ရှိအချိန်၌ လက်နက်ပြုလုပ်နိုင်သည့် အဆင့်တွင်ရှိသည့် ပလူတိုနီယမ်သတ္တုပမာဏ စုစုပေါင်း ၇၀ ကီလိုဂရမ်အထိ ပိုင်ဆိုင်ထားသည် ဟုလည်း တောင်ကိုရီးယားက ထုတ်ဝေသည့် စစ်ဘက်အစီရင်ခံစာတွင် ဖော်ပြသည်။
ဓာတ်ပုံ - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုံယမ်းမြို့တော် ကင်အီဆွန်းရင်ပြင်၌ ကျင်းပသည့် မြောက်ကိုရီးယားတပ်မတော် ထူထောင်ခြင်း ၇၅ နှစ်ပြည့် စစ်ရေးပြအခမ်းအနား၌ ထုတ်ဖော်ပြသထားသော ဒုံးကျည်များ။ ဓာတ်ပုံ - KCNA