- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ပြည်ပရွေးကောက်ပွဲများကိုကြားဝင်စွက်ဖက်ရန် ရုရှားကကန်ဒေါ်လာသန်း ၃၀၀ ပေးပို့ခဲ့သည်ဟုအမေရိကန်ပြော
ရုရှားသည် ၎င်း၏သြဇာလွှမ်းမိုးမှု ရရှိရန်အတွက် ပြည်ပနိုင်ငံပေါင်း နှစ်ဒါဇင်ကျော်ရှိ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများထံသို့ အမေရိကန်ဒေါ်လာအနည်းဆုံးသန်း ၃၀၀ ကိုခိုးကြောင်ခိုးဝှက် ပေးပို့ခဲ့သည်ဟုအမေရိကန်ထောက်လှမ်းရေးဌာနကပြောကြားလိုက်သည်။ ၂၀၁၄ ခုနှစ်တည်းကထိုကဲ့သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း လျှို့ဝှက်မှုအဆင့်ကိုလျှော့ချလိုက်သည့် အမေရိကန်ထောက်လှမ်းရေးစာတမ်းတစ်စောင်အရသိရခြင်းဖြစ်သည်။
15 Sep 2022

DMG | စက်တင်ဘာ ၁၅
ရုရှားသည် ၎င်း၏သြဇာလွှမ်းမိုးမှု ရရှိရန်အတွက် ပြည်ပနိုင်ငံပေါင်း နှစ်ဒါဇင်ကျော်ရှိ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများထံသို့ အမေရိကန်ဒေါ်လာအနည်းဆုံးသန်း ၃၀၀ ကိုခိုးကြောင်ခိုးဝှက် ပေးပို့ခဲ့သည်ဟုအမေရိကန်ထောက်လှမ်းရေးဌာနကပြောကြားလိုက်သည်။ ၂၀၁၄ ခုနှစ်တည်းကထိုကဲ့သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း လျှို့ဝှက်မှုအဆင့်ကိုလျှော့ချလိုက်သည့် အမေရိကန်ထောက်လှမ်းရေးစာတမ်းတစ်စောင်အရသိရခြင်းဖြစ်သည်။
ယခုအချက်အလက်များသည် အနည်းဆုံးတွက်ချက်ထားသည့် အချက်အလက်များ ဖြစ်ကာရုရှားအနေဖြင့် မိမိတို့ မသိထားသည့် ယခုထက်ပိုများသည့် ရန်ပုံငွေများပေးပို့ထားသည် များလည်းရှိနိုင်သေးကြောင်းအကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦး၏ ပြောဆိုချက်ကိုကိုးကားပြီးအေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
“ရေခဲစိုင်ကြီးရဲ့ အပေါ်ယံမျက်နှာစာပဲရှိသေးတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟုအမည်မဖော်လိုသူအဆိုပါအရာရှိကအေအက်ဖ်ပီသို့ ဖြေကြားသည်။
အာရှမှ အမည်မဖော်ပြထားသည့် နိုင်ငံတစ်ခု၏ သမ္မတရွေးကောက်ပွဲအတွက် ဆိုလျှင် ရုရှားသံအမတ်ကြီးသည် ဒေါ်လာသန်းပေါင်းများစွာပေးအပ်ခဲ့သည်ဟုအဆိုပါ လေ့လာချက်တွင် ဖော်ပြထားသည်။
လက်ခံသည့်နိုင်ငံများ၏ အမည်များကိုလေ့လာချက်တွင် ထည့်သွင်းဖော်ပြမထားပေ။ သို့သော်လည်းအေအက်ဖ်ပီ၏ သတင်းရင်းမြစ်တစ်ခုကရုရှားသည် အယ်လ်ဘေးနီးယားနိုင်ငံ၏ ၂၀၁၇ ရွေးကောက်ပွဲများတွင် ဗဟိုလက်ယာစွန်းဒီမိုကရက်တစ်ပါတီသို့ အမေရိကန်ဒေါ်လာငါးသိန်းခန့်ပေးခဲ့သလိုဘော့စနီးယား၊ မွန်တီနီဂရိုးနှင့် မက်ဒါဂါစကာနိုင်ငံတို့ရှိကိုယ်စားလှယ်လောင်းများကိုလည်းငွေကြေးထောက်ပံ့ခဲ့သည်ဟုပြောကြားသည်။
၂၀၁၄ နှင့် ၂၀၁၇ ကြားကာလအတွင်း၌လည်းရုရှားသည် ရွေးကောက်ပွဲများကိုအပြောင်းအလဲဖြစ်စေရန်အတွက် ဖောင်ဒေးရှင်းများနှင့် လက်ယာစွန်းကိုယ်စားလှယ်လောင်းများကိုထောက်ခံသည့် အဖွဲ့အစည်းများကိုဘရပ်ဆဲလ်နိုင်ငံမှတစ်ဆင့် ငွေကြေးအမြောက်အများထောက်ပံ့ခဲ့သည်ဟုအဆိုပါရင်းမြစ်ထံမှ သိရကြောင်းအေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ရုရှားသည် ဥရောပတွင် ဖန်တီးထားသည့် အယောင်ဆောင် ကန်ထရိုက်များ၊ အမည်ခံကုမ္ပဏီများအသုံးပြုခဲ့သလိုဗဟိုအာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများသို့လည်းတိုက်ရိုက် ထောက်ပံ့မှုများပေးအပ်ခဲ့သည်။ ငွေသား၊ ခရစ်တိုငွေကြေးတို့အပြင် ခမ်းနားကြီးကျယ်သည့် လက်ဆောင်များအစရှိသည့် ပုံစံအမျိုးမျိုးဖြင့် ဖောဖောသီသီပေးအပ်ခဲ့ခြင်းဖြစ်သည်။