- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
စီးပွားရေးအကြံပေး ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရ တောင်းဆို
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနဲလ်အား ချက်ချင်းပြန်လွှတ်ပေးရန် သြစတြေးလျအစိုးရက မြန်မာစစ်တပ်အား သောကြာနေ့တွင် တောင်းဆိုလိုက်သည်။
03 Apr 2021

DMG ၊ ဧပြီ ၃
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနဲလ်အား ချက်ချင်းပြန်လွှတ်ပေးရန် သြစတြေးလျအစိုးရက မြန်မာစစ်တပ်အား သောကြာနေ့တွင် တောင်းဆိုလိုက်သည်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွိုင်ယာတက္ကသိုလ်၏ စီးပွားရေးပါမောက္ခ တစ်ဦးဖြစ်သူ ရှောင်တာနဲလ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြား ဝန်ကြီးများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ရှောင်တာနဲလ်သည် တစ်ဖက်သတ်ထိန်းသိမ်းခံရခြင်းဟု သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
သြစတြေးလျအစိုးရအနေဖြင့် ရှောင်တာနဲလ် ချက်ချင်းလွတ်မြောက်ရေး၊ ထိန်းသိမ်းခံရသည့် အကြောင်းရင်းများအား မြန်မာနိုင်ငံနှင့်သာမက သြစတြေးလျရှိ မြန်မာသံရုံးနှင့်ပါ ဆက်လက်ညှိနှိုင်းသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ကြေညာချက်တွင် ထည့်သွင်း ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရသူ သြစတြေးလျနိုင်ငံသား သုံးဦးရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနဲလ်၊ စီးပွားရေးအတိုင်ပင်ခံ မက်သယူအိုကင်း နှင့် ခရစ္စတာအေဗရီတို့ ဖြစ်ကြသည်။
မက်သယူအိုကင်းနှင့် ခရစ္စတာအေဗရီ တို့နှစ်ဦးသည်လည်း မြန်မာနိုင်ငံတွင် စီးပွားရေးအတိုင်ပင်ခံ အဖြစ် လုပ်ကိုင်နေကြသူများဖြစ်ပြီး မတ်လ ၁၉ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
မြန်မာနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်များ ရှိထားသည့် သြစတြေးလျနိုင်ငံသည် နှစ်နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်ချက်များအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မာရိုက်စ်ပိန်းက မတ်လ ၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။