- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
စပိန် ရေကြီးမှုကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်
စပိန်တွင် လက်ရှိဖြစ်ပေါ်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၉၇၀ ပြည့်နှစ်က ရိုမေးနီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြင်းထန်လှသည့် ရေကြီးမှုဖြစ်စဉ်ကြီး၌ လူ ၂၀၉ ဦး သေဆုံးခဲ့သည်နှင့် အဆင့်တူနီးပါး ရှိလာခဲ့ပြီဖြစ်သည်။
02 Nov 2024

DMG ၊ အောက်တိုဘာ ၂
နှစ်ပေါင်းငါးဆယ်ခန့်အတွင်း ဥရောပ၏ အဆိုးရွားဆုံး ရာသီဥတုဘေးအန္တရာယ်ကြောင့် စပိန်နိုင်ငံတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး သေဆုံးသူဦးရေမှာ ၂၀၅ ဦးအထိ မြင့်တက်လာပြီဟု ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေးသမားများသည် မြို့တော်ခန်းမတွင် ယာယီရေခဲတိုက် ပြုလုပ်ပြီး အလောင်းများကို သိမ်းဆည်းထားရသလို သောကြာနေ့အထိ အဆက်အသွယ် ပြတ်တောက်နေသော နေရာများသို့ ရောက်ရှိရန် ကြိုးပမ်းနေရဆဲဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ပျက်စီးဆုံးရှုံးမှုဒဏ်ကို ခံစားနေရသော အရှေ့ပိုင်းဒေသ ဗလင်စီယာတွင် အနည်းဆုံး လူ ၂၀၂ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။ ကတ်စ်တီလာ လာမန်ချာနှင့် အန်ဒါလူစီယာတို့တွင် လူ ၃ ဦး သေဆုံးခဲ့သည်။
စပိန်တွင် လက်ရှိဖြစ်ပေါ်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၉၇၀ ပြည့်နှစ်က ရိုမေးနီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြင်းထန်လှသည့် ရေကြီးမှုဖြစ်စဉ်ကြီး၌ လူ ၂၀၉ ဦး သေဆုံးခဲ့သည်နှင့် အဆင့်တူနီးပါး ရှိလာခဲ့ပြီဖြစ်သည်။ ပေါ်တူဂီနိုင်ငံတွင် ၁၉၆၇ ခုနှစ်၌ ဖြစ်ပွားခဲ့သော ရေကြီးမှုဖြစ်စဉ်ကြီး၌ လူ ၅၀၀ နီးပါး သေဆုံးခဲ့သည်။
စပိန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဟူအယ်လ်ဗာတွင် ရာသီဥတု သတိပေးချက်အဖြစ် ထွက်ပေါ်လာခဲ့သော မုန်တိုင်းကြောင့် အသက်ရှင်ကျန်ရစ်သူများကို ကူညီရန်နှင့် ပျောက်ဆုံးနေသူများကို ရှာဖွေရန်အတွက် စစ်သား ၅၀၀ ခန့်ကို တပ်ဖြန့်ချထားသည်။
စပိန်ဒေသများနှင့် ပူးပေါင်းဆောင်ရွက်ရေး တာဝန်ခံ အိန်ဂျယ်လ် ဗစ်တာတောရက်စ်က ကြာသပတေးနေ့ နှောင်းပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူအရေအတွက်သည် ဆက်လက်မြင့်တက် လာဖွယ်ရှိပြီး ဒါဇင်နှင့်ချီသောလူများကို စာရင်းမပြုစုရသေးကြောင်း ပြောကြားခဲ့သည်။