- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
စပိန်နိုင်ငံ ကန်နရီကျွန်းစုရှိ မီးတောင် ပေါက်ကွဲ
စပိန်နိုင်ငံ ကန်နရီကျွန်းစုရှိ ကန်ဘရီဗီယာ (Cumbre Vieja) မီးတောင်သည် ရက်ပေါင်းများစွာ မြေငလျင်လှုပ်ရှားမှုများ ပြင်းထန်လာခဲ့ပြီးနောက် တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့သည်။
22 Sep 2021

DMG ၊ စက်တင်ဘာ ၂၂
စပိန်နိုင်ငံ ကန်နရီကျွန်းစုရှိ ကန်ဘရီဗီယာ (Cumbre Vieja) မီးတောင်သည် ရက်ပေါင်းများစွာ မြေငလျင်လှုပ်ရှားမှုများ ပြင်းထန်လာခဲ့ပြီးနောက် တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့သည်။
မီးတောင်ပေါက်ကွဲမှုနှင့်အတူ ချော်ရည်များ၊ ပြာများနှင့် မီးခိုးလုံးကြီးများ မှုတ်ထုတ်ခဲ့သဖြင့် ဒေသခံ ၅၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားသည်။
လွန်ခဲ့သောနှစ် ၅၀ က နောက်ဆုံးပေါက်ကွဲခဲ့သော ကန်ဘရီဗီယာ မီးတောင်သည် အိမ်ထောင်စု ၈၀၀၀၀ ဝန်းကျင် အခြေချနေထိုင်ကြသော လာပါလ်မာ (La Palma) ကျွန်း၏တောင်ဘက် တောင်ကြောတွင် ခွလျက်တည်ရှိသည်။
အယ်လ်ပါဆိုရှိ Cabe Za Vaca ဒေသတွင် ညနေ ၃ နာရီဝန်းကျင်၌ မီးတောင် စတင်ပေါက်ကွဲခဲ့သည်ဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့၏ တွစ်တာ အကောင့်တွင် ဖော်ပြထားသည်။
သတိပေးချက်များ အမြင့်ဆုံးထုတ်ပြန်ထားသည့် နေရာ ၁၂ ခုခန့်တွင် မပြောင်းမနေရ ကြေညာထားပြီး ယာယီခိုလှုံရာနေရာများလည်း ဖွင့်လှစ်ပေးထားသည်။
ပြည်သူများအနေဖြင့် အထူးသတိရှိကြရန်နှင့် မလိုအပ်ဘဲ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် မီးတောင်ပေါက်ကွဲရာ နေရာမှ ဝေးဝေးနေကြရန် ပြောကြားထားသည်ဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ချော်ရည်များသည် လူနေအိမ်များ ရှိသည့်နေရာအထိ စီးဆင်းလာခဲ့ခြင်းကြောင့် လမ်းများမှာ ဖြတ်သန်းသွားလာရေး ခက်ခဲလျက်ရှိသည်။
ကျွန်း၏အလယ်ဗဟိုရှိ မီးတောင်မှ ချော်ရည်များသည် ကမ်းခြေဘက်သို့မရောက်ဘဲ အနောက်တောင်ဘက်ရှိ လူနေများပြီး သစ်တောထူထပ်သော ဒေသဘက်သို့ ဦးတည် ရွေ့လျားသွားနိုင်ခြေရှိသည်ဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့က ခန့်မှန်းထားသည်။