- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဆူဒန်တွင် စစ်တပ်ကအာဏာသိမ်း၊ ဝန်ကြီးချုပ်နှင့် အရာရှိကြီးများ ဖမ်းဆီးခံထားရ
ဆူဒန်နိုင်ငံတွင် တနင်္လာနေ့အစောပိုင်းက စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး နိုင်ငံ၏ဝန်ကြီးချုပ်အပါအဝင် အရာရှိကြီးများနှင့် နိုင်ငံရေးသမားများပါ ဖမ်းဆီးခံထားရကြောင်း အစိုးရ သတင်းရင်းမြစ်များထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Oct 2021

DMG ၊ အောက်တိုဘာ ၂၆
ဆူဒန်နိုင်ငံတွင် တနင်္လာနေ့အစောပိုင်းက စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး နိုင်ငံ၏ဝန်ကြီးချုပ်အပါအဝင် အရာရှိကြီးများနှင့် နိုင်ငံရေးသမားများပါ ဖမ်းဆီးခံထားရကြောင်း အစိုးရ သတင်းရင်းမြစ်များထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆူဒန်စစ်တပ်နှင့် အရပ်သား အာဏာပိုင်များအကြား တင်းမာမှုများ သီတင်းပတ်ပေါင်းများစွာ ရှိနေခဲ့ပြီးနောက် ယခုကဲ့သို့ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း အေအက်ဖ်ပီ သတင်းထောက်များထံမှ သိရသည်ဟု သတင်းက ဖော်ပြသည်။
လက်ရှိအချိန်၌ အာဏာသိမ်းမှုနောက်ကွယ်မှု ကြိုးကိုင်သူများကို မသိရသေးပေ။ စစ်ဝတ်စုံ ဝတ်ဆင်ထားသူများသည် နိုင်ငံ၏ မြို့တော်သို့ သွားရာလမ်းကြောင်းများကို ပိတ်ဆို့ ထားသည်။
မြို့တော် ခါတွန်းတွင် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ စုဝေးရောက်ရှိနေကြပြီး တာယာများကို မီးရှို့ထားသည်များလည်း ရှိသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
လတ်တလောတွင် နိုင်ငံပိုင် သတင်းဌာနကလည်း ဇာတိမာန်သီချင်းများကို နိုင်းမြစ်ရှုခင်းပုံများနှင့် ထုတ်လွှင့်ပြသနေကြောင်း အေပီသတင်းက ဖော်ပြသည်။
ဆူဒန်တွင် ၂၀၁၉ ခုနှစ် ဧပြီလ၌ သမ္မတ အိုမာအာလ်ဘာရှီယာ ဖြုတ်ချခံခဲ့ရသည်။
၂၀၁၉ ခုနှစ် သြဂုတ်လတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းအုပ်ချုပ်မှုတစ်ရပ် စတင်ခဲ့ပြီးနောက်တွင် နိုင်ငံ၏ အနေအထားသည် အရပ်သားအစိုးရ အပြည့်အဝ အုပ်ချုပ်သည့်ဘက်သို့ ကူးပြောင်းရန်ခြေလှမ်း စတင်ခဲ့သည်။
သို့သော်လည်း အဓိကကျသည့် အရပ်ဘက်အုပ်စုတစ်ခု ဖြစ်သော လွတ်လပ်ရေးနှင့် အပြောင်းအလဲ အင်အားစု (FFC) သည် နှစ်ခြမ်းကွဲသွားခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေးအကွဲအပြဲများနှင့် အာဏာချုပ်ကိုင်မှုများကြောင့် နိုင်ငံ၏အခြေအနေသည် ဆိုးရွားလျက်ရှိသည်။