- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ထရမ့်လက်ထက် တာလီဘန်နှင့် သဘောတူညီချက်ကို ဘိုင်ဒန်အစိုးရ ပြန်သုံးသပ်မည်
အမေရိကန်အစိုးရသည် အာဖဂန်စစ်သွေးကြွအဖွဲ့၏ အကြမ်းဖက်မှုများလျှော့ချရေးနှင့် အကြမ်းဖက်သမားများနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် အပါအဝင် ၎င်းတို့သဘောတူ ထား သည့် ကတိကဝတ် များအတိုင်း လိုက်နာခဲ့ခြင်း ဟုတ်မဟုတ် သေချာစေလိုခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရအမျိုးသမီးက ပြောဆိုခဲ့သည်။
25 Jan 2021

ဘိုင်ဒန်အစိုးရသည် ယခင်သမ္မတထရမ့်၏ တာလီဘန်နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုကို ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အမေရိကန်အစိုးရသည် အာဖဂန်စစ်သွေးကြွအဖွဲ့၏ အကြမ်းဖက်မှုများလျှော့ချရေးနှင့် အကြမ်းဖက်သမားများနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် အပါအဝင် ၎င်းတို့သဘောတူ ထား သည့် ကတိကဝတ် များအတိုင်း လိုက်နာခဲ့ခြင်း ဟုတ်မဟုတ် သေချာစေလိုခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရအမျိုးသမီးက ပြောဆိုခဲ့သည်။
ပြန်လည် သုံးသပ်မည့် အစီအစဉ်အား သမ္မတဘိုင်ဒန်၏ ထိပ်တန်းလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်က အာဖဂန်အရာရှိများကို အတည်ပြုပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်လများအတွင်း ပစ်မှတ်ထားသတ်ဖြတ်မှုများ အများအပြား မျက်မြင်ကြုံခဲ့ရပြီးဖြစ်သည်။
၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုများအပြီး တာလီဘန်စစ်သွေးကြွများ အာဏာရလာမှုကို နှိမ်နင်းရန် အမေရိကန်တပ်များ စတင်ကျူးကျော်ဝင်ရောက်ခဲ့သည့် ကာလမှာ ၂၀၀၁ ခုနှစ်ကတည်းက လက်ရှိ အချိန်ထိဖြစ်သည်။
သို့စေကာမူ အချိန်ကြာလာသည်နှင့်အမျှ စစ်သွေးကြွများသည် သောင်းကျန်းသူ အဖွဲ့တစ်ခုအနေဖြင့် ပြန်လည်စုဖွဲ့လှုပ်ရှားလာခဲ့ကြပြီး ထိုလှုပ်ရှားမှုသည် ၂၀၁၈ ခုနှစ်တွင် အာဖဂန်ဧရိယာ သုံးပုံနှစ်ပုံ ထက်ပင် ကျော်လွန်သည့် ပမာဏအထိရောက်လာကာ ရွေးကောက်ခံ အစိုးရကို ခြိမ်းခြောက်လျက် ရှိသည်။
အာဖဂန် ဒုတိယသမ္မတ Amrullah Saleh က သူ့အနေဖြင့် အမေရိကန်သည် သဘောတူညီချက်ပါ အပိုင်းတစ်ချို့ တွင် တာလီဘန်ကို အလွန်အမင်းလိုက်လျောခဲ့သည်ဟု ယူဆကြောင်း ယခုလ အစော ပိုင်းက ဘီဘီစီကိုပြောကြားခဲ့သည်။