- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
တရုတ်စီးပွားရေး ဆက်နှေးကွေးနေပါက ထိုင်ဝမ်ကို တိုက်ခိုက်လာနိုင်ခြေရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး သတိပေး
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် စီးပွားကျကာ ပြည်တွင်းဖိအားများ များပြားလာပါက တရုတ်အစိုးရသည် ထိုင်ဝမ်နှင့် စစ်ရေးအရ ပဋိပက္ခပြုလာနိုင်ခြေရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
08 Nov 2019

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် စီးပွားကျကာ ပြည်တွင်းဖိအားများ များပြားလာပါက တရုတ်အစိုးရသည် ထိုင်ဝမ်နှင့် စစ်ရေးအရ ပဋိပက္ခပြုလာနိုင်ခြေရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်ကြီးထဲသို့ ထည့်ရန်အတွက် တရုတ်၏ ကြိုးစားမှုခြေလှမ်းများ ပိုစိတ်လာခဲ့သည်။
ထိုင်ဝမ်နှင့် သံတမန်အဆက်အသွယ်ရှိသည့် အနည်းငယ်မျှသော နိုင်ငံများကို ထိုင်ဝမ်နှင့် မဆက်သွယ်ရန်အတွက် တရုတ်က ဖိအားပေးမှုများလုပ်လာပြီး ထိုင်ဝမ်ကျွန်းနားတွင် ဗုံးကြဲလေယာဉ်များလည်း ပျံဝဲခဲ့သည်။
Reuters သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်စဉ် ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူ က တရုတ်၏ နှေးကွေးလာသော စီးပွားရေးနှင့် အမေရိကန်နှင့် ဖြစ်လျက်ရှိသော ကုန်သွယ်ရေးစစ်ပွဲအကြောင်းကို အလေးပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
“တရုတ်ပြည်တွင်း တည်ငြိမ်ရေးဟာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ်ဆိုရင် ဒါမှမဟုတ် စီးပွားရေးနှေးကွေး လေးလံမှုဟာ အရေးကိစ္စကြီးတစ်ခု ဖြစ်လာမယ်ဆိုရင် တရုတ်ခေါင်းဆောင်တွေက အရေးယူဆောင်ရွက်မှုတွေ လုပ်လာရတော့မှာဖြစ်ပြီး ကျွန်တော်တို့အတွက် အလွန်သတိထားရတော့မှာ ဖြစ်ပါတယ်” ဟု ဝူက ပြောကြားခဲ့သည်။
“စစ်ရေး ပဋိပက္ခလိုမျိုး အဆိုးဆုံး အခြေအနေတစ်ရပ် ဖြစ်လာနိုင်တာမို့ ကျွန်တော်တို့ ပြင်ဆင်ထားဖို့ လိုပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်စီးပွားရေးသည် ယခုနှစ်အတွင်း နှစ်ပေါင်း ၃၀ အတွင်း တိုးတက်မှုနူန်း အနှေးဆုံးဖြစ်သွားခဲ့ပြီး စီးပွားရေးတိုးတက်မှုသည် တရုတ်ကွန်မြူနစ်ပါတီကို နိုင်ငံရေးအရ လူထုလက်ခံမှု၏ အခြေခံဖြစ်သည်။
တရုတ်၏ စီးပွားရေးအခြေအနေမှာ လက်ရှိအချိန် အဆင်ပြေနေသေးသော်လည်း တရုတ်ပြည်တွင်း အလုပ်အကိုင်ပြဿနာနှင့် မကျေနပ်မှုများ ပြန့်နှံ့လာသည့်အပေါ် အခြားတိုင်းပြည်များ သတိထားသင့်ကြောင်း မစ္စတာဝူ က ထောက်ပြခဲ့သည်။
တရုတ်စီးပွားရေး တိုးတက်နေမှုကို သမ္မတရှီကိုယ်တိုင်က မထိန်းနိုင်သဖြင့် တရုတ်အနေဖြင့် ကွန်မြူနစ်ပါတီကို လူထုက ဆက်လက်ယုံကြည်အားကိုးနေရန် အကြောင်းပြချက်လိုနေသည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက သတိပေးထားသည်။
“ဒီအချက်တွေအရ တရုတ်ခေါင်းဆောင်များအနေနဲ့ ပြည်တွင်းက အခက်အခဲတွေကို အာရုံပြောင်းဖို့အတွက် ပြည်ပမှာ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လာနိုင်ပါတယ်” ဟု ဝူက ပြောကြားသည်။