- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ထိုင်းတောင်ပိုင်းတွင် လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး
ယခုတိုက်ခိုက်မှုသည် ၂၀၀၄ ခုနှစ်က အစိုးရစစ်စခန်းတစ်ခုအား ခွဲထွက်ရေးသူပုန်များ ဝင်ရောက်စီးနင်းခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
07 Nov 2019

ထိုင်းနိုင်ငံတောင်ပိုင်း ယာလာခရိုင်၌ အင်္ဂါနေ့ညပိုင်းက သေနတ်သမားများ ပစ်ခတ်မှုကြောင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး အရာရှိ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ၂၀၀၄ ခုနှစ်က အစိုးရစစ်စခန်းတစ်ခုအား ခွဲထွက်ရေးသူပုန်များ ဝင်ရောက်စီးနင်းခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာနေရာတွင် သွေးစွန်းနေသော အဝတ်အစားများလည်း တွေ့ရသဖြင့် သေနတ်သမားများတွင် ဒဏ်ရာရသွားသူများ ရှိနိုင်ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်မှူး ကီယာတီဆက်နီဝန်က ပြောကြားသည်။ သေဆုံးသွားသူများတွင် အမျိုးသမီးအရာရှိ လေးဦးနှင့် ဆရာဝန်တစ်ဦး ပါဝင်ကြောင်း သူကဆိုသည်။
သေနတ်သမားများသည် ယာလာသို့သွားရာ လမ်းမကြီးတစ်လျှောက်တွင်လည်း ယာဉ်များ ဝင်မလာနိုင်အောင် သံတိုသံစများ ဖြန့်ကြဲချထားခဲ့ကြသည်။
လျှပ်စစ်ဓာတ်အားပေးတိုင်အနီးတွင်လည်း ဖောက်ခွဲရေးပစ္စည်းငယ်တစ်ခု တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရပြီး စာသင်ကျောင်းတစ်ကျောင်းတွင်လည်း တာယာများ မီးရှို့ထားခဲ့ကြသည်ဟု ယာလာခရိုင်ရဲမှူးကြီး သာဝီဆက်သုန်ဆန်စီက ပြောသည်။
သောင်းကျန်းသူများသည် စစ်တပ်နှင့်ရဲဝန်ထမ်းများကို တိုက်ခိုက်နေရာမှ ပိုမိုအားပျော့သော ကျေးရွာလုံခြုံရေး အဖွဲ့ဝင်များကို ပစ်မှတ်ထားလာကြပုံရသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ထိုင်းတောင်ပိုင်းရှိ ကျေးရွာလုံခြုံရေး အဖွဲ့ဝင်များသည် အရပ်သားများဖြစ်ပြီး စစ်သင်တန်းတက်ရောက်ကာ လက်နက်ကိုင်ဆောင်ခွင့် ရသော်လည်း လစာမရရှိကြပေ။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပတ္တနီ၊ နာရာသီဝပ်နှင့် ယာလာခရိုင်များတွင် ၂၀၀၄ ခုနှစ်မှစ၍ ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများအတွင်း သေဆုံးသူ စုစုပေါင်း ၇,၀၀၀ ကျော်ပြီဟု အေပီသတင်းတွင် ဖော်ပြထားသည်။
အဆိုပါဒေသများတွင် နေထိုင်သူအများစုမှာ မူဆလင်များဖြစ်ကြပြီး ခွဲခြားဆက်ဆံခံရမှု ဖိနှိပ်ခံရမှုများ ရှိကြောင်း ၎င်းတို့က ပြောဆိုကြကာ ခွဲထွက်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်နေသည်မှာ ဆယ်စုနှစ်နှင့်ချီ ရှိနေပြီဖြစ်သည်။