- မြန်မာနိုင်ငံအတွင်း ငတ်မွတ်မှုပြဿနာဖြေရှင်းရန် "REACH" အစီအစဉ်ကို WFP စတင်
- မွတ်ဆလင်အရေး ကုလအစီရင်ခံစာ အစွန်းရောက် စွပ်စွဲချက်များကိုသာ အလေးထားနေဟု ULA တုံ့ပြန်
- အာရက္ခပညာရေးဌာနက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာ
- အာဖဂန်ငလျင်ကြောင့် သေဆုံးသူ ၂၂၀၀ ကျော်လာပြီ
- စင်္ကာပူတွင် ဆေးကုရန်သွားသည့် သက်ဆင် ဒူဘိုင်းသို့ ရောက်နေ
စင်္ကာပူတွင် ဆေးကုရန်သွားသည့် သက်ဆင် ဒူဘိုင်းသို့ ရောက်နေ
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ကိုယ်ပိုင်လေယာဉ်ဖြင့် စင်္ကာပူသို့ ထွက်ခွာသွားသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယခုအခါ ဒူဘိုင်းသို့ ရောက်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
05 Sep 2025

ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ကိုယ်ပိုင်လေယာဉ်ဖြင့် စင်္ကာပူသို့ ထွက်ခွာသွားသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယခုအခါ ဒူဘိုင်းသို့ ရောက်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
သက်ဆင်ကမူ စင်ကာပူရှိ ကိုယ်ပိုင်ဂျက်လေယာဉ်များနှင့် အခြားသောကိုယ်ပိုင်လေယာဉ်ငယ်များ ဆင်းသက်ရန် စီစဉ်ပေးထားသော ပုဂ္ဂလိကလေယာဉ်ကွင်း ပိတ်ထားသည့်အတွက် ဒူဘိုင်းသို့ ဦးတည်ရာပြောင်းလဲ ပျံသန်းရန် ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်မှူးကို အမိန့်ပေးခဲ့ကြောင်း ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့အပြင် ၂ နှစ်ကျော်ကြာ မတွေ့ဆုံဖြစ်ခဲ့သည့် သူငယ်ချင်းဟောင်းအချို့နှင့် တွေ့ဆုံရန် အပါအဝင် ၎င်းကို ကာလရှည်ကြာကုသပေးခဲ့သော အဆုတ်ရောဂါအထူးကုနှင့် အရိုးအကြောအထူးကု ဆရာဝန်များထံ၌ ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန်အတွက် ယခုကဲ့သို့ လမ်းကြောင်းဦးတည်ရာ ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟုလည်း သက်ဆင်က ဆိုသည်။
သို့သော်လည်း စက်တင်ဘာလ ၉ ရက်နေ့တွင် တရားရုံးချုပ်၏ စီရင်ချက်ကို ကြားနာအတွက် အဆိုပါနေ့ထက် နောက်မကျဘဲ ထိုင်းနိုင်ငံသို့ ပြန်လာမည်ဟုလည်း သက်ဆင်က ပြောထားသည်။
တရားရုံးချုပ်၏ နိုင်ငံရေးရာထူး တာဝန်ယူခဲ့သူများဆိုင်ရာ ရာဇဝတ်မှုဌာနသည် အငြင်းပွားဖွယ်ရာများနှင့် ပြည့်နှက်နေသော "ရဲဌာန အထွေထွေရောဂါကု ဆေးရုံကြီး၏ ၁၄ လွှာ"အမှုကို အမိန့်ချမှတ်ရန် စီစဉ်ထားပြီး အဆိုပါအမှုဖြစ်စဉ်တွင် သက်ဆင်က ထောင်ဒဏ်ကျခံရခြင်းမှနေ၍ ရှောင်လွှဲနိုင်စေရန် ကျန်းမာရေး အလွန်အမင်းချို့ယွင်းနေသည်ဟူသော အကြောင်းပြချက်ဖြင့် အကျဉ်းထောင်တွင်း၌ တစ်ရက်မျှပင် သွားရောက်မနေထိုင်ခဲ့ဘဲ ရဲဌာန အထွေထွေရောဂါကု ဆေးရုံကြီး၌ ခြောက်လကြာ ဆေးကုသခံနေခဲ့ကာ ယင်းနောက်ပိုင်းတွင် ခံဝန်ကတိဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာနှင့် အမည်နာမဖော်ပြထားခြင်းမရှိသော မိသားစုဝင်အချို့သည် ယမန်နေ့ ညနေပိုင်းက ဒွန်မောင်းလေဆိပ်ရှိ ကိုယ်ပိုင်ဂျက်လေယာဉ်များ ဆင်းသက်ရာ လေဆိပ်ဆီသို့ ရောက်ရှိလာခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန်အတွက် စင်ကာပူသို့ ပျံသန်းထွက်ခွာမည့် Bombardier Global 7500 အမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့ တက်ရောက်သွားခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြကြသည်။
ဒူဘိုင်းသို့ လေယာဉ်ဆိုက်ရောက်ပြီးနောက် သက်ဆင်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် ပို့စ်တစ်ခု၌ ဒွန်မောင်းလေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ နှစ်နာရီနီးပါးကြာသည့်တိုင် အချိန်ယူ စစ်ဆေးမှုများကြောင့် ၎င်းအနေနှင့် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ယင်းအတွက်ကြောင့်ပင် သာမန်အားဖြင့် ည ၁၀ နာရီခန့်အထိသာ ဖွင့်လှစ်လေ့ရှိသော စင်ကာပူရှိ ဆီလီတာ ကိုယ်ပိုင်လေယာဉ်ကွင်း၌ ၎င်း၏လေယာဉ် ဆင်းသက်နိုင်ခြင်းမရှိခဲ့ကြောင်း ရေးသားအသိပေးထားသည်။