မြန်မာစစ်တပ်က ငှားရမ်းထားသည့် ကပြားလော်ဘီသမား ကန်ဒေါ်လာ ၂ သန်း ရရှိမည်

မြန်မာစစ်တပ်က ငှားရမ်းထားသည့် အစ္စရေး-ကနေဒါကပြား လော်ဘီသမားသည် ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်း ရရှိမည်ဖြစ်ကြောင်း အမေရိကန် တရားရေးဌာန၏ မှတ်တမ်းဖိုင်တွဲတွင် ဖော်ပြထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 10 Mar 2021

ရုရှား စစ်ဘက်အရာရှိများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ၂၀၂၀ သြဂုတ်လက ရုရှားနိုင်ငံ မော်စကိုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Ministry of Defense of the Russian Federation)

DMG ၊ မတ် ၁၀

မြန်မာစစ်တပ်က ငှားရမ်းထားသည့် အစ္စရေး-ကနေဒါကပြား လော်ဘီသမားသည် ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်း ရရှိမည်ဖြစ်ကြောင်း အမေရိကန် တရားရေးဌာန၏ မှတ်တမ်းဖိုင်တွဲတွင် ဖော်ပြထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်တပ်က အာဏာရယူရသည့် အကြောင်းရင်းမှန်ကို အမေရိကန်နှင့် အခြားနိုင်ငံများအား ကူညီရှင်းပြရန် ငှားရမ်းခြင်းဖြစ်သည်ဟု အဆိုပါဖိုင်၌ ဖော်ပြထားသည်ဟု ဆိုသည်။

လော်ဘီသမား အာရီဘန်မီနာရှီနှင့် သူ၏ ကုမ္ပဏီ Dickens & Madson Canada သည် မြန်မာစစ်တပ်ကို ကိုယ်စားပြုပြီး ဝါရှင်တန်၊ ဆော်ဒီ၊ UAE ၊ အစ္စရေး၊ ရုရှား အပါအဝင် ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများကို ရှင်းပြရမည်ဖြစ်ကြောင်း သဘောတူစာချုပ်တွင် ဖော်ပြချက်အရ သိရသည်။

ဘန်မီနာရှီသည် သဘောတူစာချုပ်အား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦး အပါအဝင် မြန်မာစစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များအား အမေရိကန် ဘဏ္ဍာရေးဌာနနှင့် ကနေဒါအစိုးရတို့က အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း ဖမ်းဆီခံရသူ ၁၉၀၀ ခန့်၊ သေဆုံးသူ ၆၀ ကျော် ရှိသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ