နန်စီပီလော့ဆီ ထိုင်ဝမ်ကို လာခဲ့လျှင် နောက်ဆက်တွဲဆိုးကျိုးများ အမေရိကန်အနေဖြင့် ရင်ဆိုင်ရမည်ဟု တရုတ် သတိပေး

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလော့ဆီသာ ထိုင်ဝမ်သို့ အလည်သွားခဲ့မည်ဆိုလျှင် ဝါရှင်တန်အနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ရနိုင်သည်ဟု တရုတ်က ဇူလိုင်လ ၂၇ ရက်နေ့တွင် သတိပေးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

28 Jul 2022

အမေရိကန် အောက်လွှတ်တော်အမတ် နီစီပီလော့ဆီ။ (ဓာတ်ပုံ - AFP)

DMG ၊ ဇူလိုင် ၂၈

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလော့ဆီသာ ထိုင်ဝမ်သို့ အလည်သွားခဲ့မည်ဆိုလျှင် ဝါရှင်တန်အနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ရနိုင်သည်ဟု တရုတ်က ဇူလိုင်လ ၂၇ ရက်နေ့တွင် သတိပေးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ဥက္ကဌ နန်စီပီလော့ဆီ ထိုင်ဝမ်ကို အလည်လာမှာကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ကျောက်လိကျန်က ပုံမှန်သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

“အမေရိကန်ကသာ ရှေ့ဆက်တိုးပြီး တရုတ်ရဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာကို စိန်ခေါ်လာမယ် ဆိုရင်တော့ …ထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေကို အမေရိကန်ဘက်က ရင်ဆိုင်ရပါလိမ့်မယ်” ဟုလည်း သူက ပြောကြားသည်။

နန်စီပီလော့ဆီ ထိုင်ဝမ်သို့ အလည်သွားမည့်သတင်းသည် အတည်ပြုရန် လိုအပ်သေးသော်လည်း တရုတ်တို့ သည်းခံနိုင်စွမ်းကို ကျော်လွန်မိမည်ကို စိုးရိမ်လျက်ရှိသည့် ဘိုင်ဒန်အစိုးရအဖွဲ့အတွက် အထူးအလေးထားစရာ ဖြစ်လျက်ရှိသည်။

နန်စီပီလော့ဆီသည် ပြီးခဲ့သည့်သီတင်းပတ်က ထိုင်ဝမ် လွတ်လပ်ရေးအတွက် လွှတ်တော်ဘက်က အင်တိုက်အားတိုက် ဆောက်ရွက်နေသလား ဆိုသည့် မေးခွန်းကို ငြင်းပယ်ခဲ့သော်လည်း သတင်းထောက်များအား “ထိုင်ဝမ်ကို ထောက်ခံကြောင်း ကျွန်မတို့ပြသဖို့ လိုအပ်ပါတယ်” ဟုပြောကြားခဲ့သည်။

တရုတ်သည် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို မိမိတို့၏ ပိုက်နက်အဖြစ် သတ်မှတ်ထားပြီး လိုအပ်လျှင် အင်အားသုံးသိမ်းပိုက်မည် ဟုလည်း ထုတ်ဖော်ပြောဆိုထားသည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်သည် တရုတ်ဘက်က ကျူးကျော်လာမည့် ခြိမ်းခြောက်မှုအန္တရာယ်ကို အချိန်ပြည့်ထည့်တွက်နေရသည်။

ဗီဒီယိုများ