- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန်စစ်သင်္ဘောနှစ်စီး ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခုတ်မောင်း
အမေရိကန်စစ်သင်္ဘောနှစ်စီးသည် သြဂုတ်လ ၂၈ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းသွားခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောကြားလိုက်သည်။ ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် တရုတ်က စစ်ရေးလေ့ကျင့်မှု အကြီးစားများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်စစ်သင်္ဘောများ ရေလက်ကြားမှ ဖြတ်သန်းခြင်း ဖြစ်သည်။
30 Aug 2022

DMG ၊ သြဂုတ် ၃၀
အမေရိကန်စစ်သင်္ဘောနှစ်စီးသည် သြဂုတ်လ ၂၈ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းသွားခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောကြားလိုက်သည်။ ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် တရုတ်က စစ်ရေးလေ့ကျင့်မှု အကြီးစားများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်စစ်သင်္ဘောများ ရေလက်ကြားမှ ဖြတ်သန်းခြင်း ဖြစ်သည်။
ယခုဖြတ်သန်းမှုသည် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ် အပေါ် အမေရိကန်ကထားရှိသည့် ကတိကဝတ်ကို ဖော်ပြခြင်းဖြစ်သည်ဟု အမေရိကန်ရေတပ်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
အမေရိကန်၏ သတ္တမရေတပ်သည် တိုက်ကွန်ဒါရိုဂါ အမျိုးအစား ပဲ့ထိန်းဒုံးတပ် စစ်သင်္ဘောနှစ်စီးကို ‘နိုင်ငံတကာဥပဒေနှင့်အညီ ရေပြင်လွတ်လပ်စွာသွားလာခွင့် ရှိထားသည့်’ နေရာ၌ သြဂုတ်လ ၂၈ ရက်နေ့က ခုတ်မောင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကမ်းခြေနိုင်ငံများ၏ ရေပြင်ပိုင်နက်အလွန် ထိုင်ဝမ်ရေလက်ကြား၌ စစ်သင်္ဘောများကို ခုတ်မောင်းခဲ့ခြင်းဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုင်ပေသို့ အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပီလိုစီ လာရောက်ခဲ့ပြီးနောက်တွင် ယခုလအတွင်း ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများသည် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။
ပီလိုစီ၏ခရီးစဉ်ကို ဒေါသတကြီးတုံ့ပြန်သည့်အနေဖြင့် ဘေကျင်းသည် ထိုင်ဝမ်တစ်ဝိုက်တွင် လက်နက်ကျည်အစစ်ဖြင့် အကြီးစားစစ်ရေးလေ့ကျင့်မှုများကို ရက်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။
ထိုင်ဝမ်ကလည်း တရုတ်၏ လေ့ကျင့်မှုများကိုရှုတ်ချကာ ကျူးကျော်မှုများရှိလာလျှင် ခုခံရန်အတွက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ပြုလုပ်ခဲ့သည်။
ဝါရှင်တန်သည် ထိုင်ဝမ်အားတရုတ်တို့ ပိုင်ဆိုင်မှုကို သံတမန်လမ်းကြောင်းအရ အသိအမှတ်ပြုသော်လည်း အခြားတစ်ဘက်တွင် ထိုင်ဝမ်နှင့်ပါ သံတမန်ဆက်ဆံရေးလမ်းကြောင်း ထားရှိကာ ထိုင်ဝမ်အရေးအား ထိုင်ဝမ်ကိုယ်တိုင်က ဆုံးဖြတ်ရန်ဟူသည့်အချက်ကို ထောက်ခံမှုပေးထားသည်။