- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ယခုသီတင်းပတ်ကျင်းပမည့် G20 တွင် သီးခြားတွေ့ဆုံမည်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ယခုသီတင်းပတ်အတွင်း ဘာလီတွင်ကျင်းပမည့် G20 အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ်ဝမ်ယီနှင့် သီးခြားတွေ့ဆုံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
07 Jul 2022

DMG ၊ ဇူလိုင် ၇
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ယခုသီတင်းပတ်အတွင်း ဘာလီတွင်ကျင်းပမည့် G20 အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ်ဝမ်ယီနှင့် သီးခြားတွေ့ဆုံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လျက်ရှိသည့် တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အင်ဒိုနီးရှားတွင် ကျင်းပမည့် အစည်းအဝေး၌ ယခုကဲ့သို့ တွေ့ဆုံရန် စီစဉ်ကြခြင်းလည်း ဖြစ်သည်။
ဝမ်ယီနှင့်ဘလင်ကင်တွင် နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဖြစ်သည်။
လာမည့်သီတင်းပတ်များအတွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လေသံပစ်နေချိန်၌ ယခုကဲ့သို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမည့်အစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဘလင်ကင်သည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အခြားသူများနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး စနေနေ့တွင် ထိုင်းနိုင်ငံသို့ ဆက်လက်ခရီးထွက်ခွာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အမေရိကန်နှင့် တရုတ်တို့သည် ယခင်က ပုံမှန်တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားပြီးနောက် လုံးဝနီးပါး အဆက်အသွယ် ရပ်ဆိုင်းသွားကာ နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ပြီးခဲ့သောလမှစတင်၍ နှစ်နိုင်ငံ တွေ့ဆုံမှုများ ပြန်လည်အသက်ဝင်ခဲ့ကာ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်နှင့် တရုတ်နိုင်ငံခြားရေး မူဝါဒရေးရာအရာရှိ ယန်ကျဲ့ချီတို့ တွေ့ဆုံခဲ့ကြသလို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများသည်လည်း စင်္ကာပူတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် သီးခြားတွေ့ဆုံခဲ့ကြသည်။