- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမည်
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် အင်္ဂါနေ့တွင် တွေ့ဆုံရန်ရှိနေပြီး အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Jul 2022

DMG ၊ ဇူလိုင် ၁၁

ဝန်ကြီးဘလင်ကင်သည် တနင်္ဂနွေနေ့အစောပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာလူငယ်ခေါင်းဆောင်များနှင့် ဘန်ကောက်တွင် တွေ့ဆုံခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ဘလင်ကင်သည် အင်ဒိုနီးရှားတွင် ကျင်းပသည့် G20 အစည်းအဝေးသို့ တက်ရောက်ခဲ့ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုအပြီးတွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် အာရှဒေသတွင် အမေရိကန်၏ သက်တမ်းအရင့်ဆုံး မဟာမိတ်ဖြစ်ကာ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးသည် လာမည့်နှစ်တွင် နှစ် ၁၉၀ ပြည့်ခဲ့ပြီဖြစ်သည်။
“နောက်လာမယ့် နှစ်ပေါင်း ၁၉၀ အတွက် အခြေခံအုတ်မြစ်တွေ ကျွန်တော်တို့ ချထားကြပါတယ်” ဟု နှစ်ဘက်တွေ့ဆုံမှုအပြီးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝင်နိုင်က ပြောကြားသည်။
ဝန်ကြီးဘလင်ကင်သည် ထိုင်းမှတစ်ဆင့် တိုကျိုသို့ ဆက်လက်သွားရောက်ပြီး ပြီးခဲ့သောရက်ပိုင်းကမှ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ဂါရဝပြုမည်ဖြစ်သည်။