- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲကို ရပ်တန့်ရန် ရည်ရွယ်သည့် နိုင်ငံတကာ၏ လုပ်ဆောင်ချက်ကို ပိတ်ဆို့တားမြစ်လိုက်ခြင်းအတွက် ဘိုင်ဒင်အစိုးရကို ဝေဖန်ပြစ်တင်မှုများလည်း ထွက်ပေါ်လျက်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။
21 Nov 2024
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ် ရပ်စဲရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဗီတိုအာဏာသုံးကာ ပယ်ချလိုက်ကြောင်း AFP က ဖော်ပြထားသည်။
အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲကို ရပ်တန့်ရန် ရည်ရွယ်သည့် နိုင်ငံတကာ၏ လုပ်ဆောင်ချက်ကို ပိတ်ဆို့တားမြစ်လိုက်ခြင်းအတွက် ဘိုင်ဒင်အစိုးရကို ဝေဖန်ပြစ်တင်မှုများလည်း ထွက်ပေါ်လျက်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။
၁၃ လကြာလာပြီ ဖြစ်သော ဂါဇာကမ်းမြောင် ပဋိပက္ခဖြစ်စဉ် ရပ်စဲရေးနှင့် ဓားစာခံများကို လွှတ်ပေးရေးအတွက် လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံက သီးခြားစီ အဆိုတင်သွင်းကာ တောင်းဆိုမှုကို အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကောင်စီက မဲခွဲပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး၍ တားဆီးပိတ်ပင် ကန့်ကွက်သည့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စု တစ်ခုတည်းသာလျှင် ရှိခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ လက်ထောက် အမေရိကန် သံအမတ်ကြီး ရောဘတ်ဝုဒ်က အပစ်အခတ်ရပ်စဲရေး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဓားစာခံများကို ချက်ချင်းပြန်လွှတ်ပေးရန် အတိအလင်း တောင်းဆိုသည့် ဆုံးဖြတ်ချက် ပါမှသာ ဝါရှင်တန်က ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထောက်ခံမည်ဟု ပြောကြားခဲ့သည်။
“စစ်ပွဲအဆုံးသတ်ရေး ခိုင်ခိုင်မာမာဖြစ်လာစေဖို့အတွက် ဓားစာခံတွေကို ပြန်လွှတ်ပေးရေးက ဖြစ်ကို ဖြစ်လာရမှာပါပဲ။ ဒီလို အရေးတကြီးနဲ့ ချက်ချင်းဖြစ်လာရမယ့် ရည်မှန်းချက်နှစ်ခုကို ခွဲခြားလို့ မရပါဘူး။ ဒီလိုအပ်ချက်ကို ဆန့်ကျင်ပယ်ဖျက်ထားတဲ့ ဖြေရှင်းချက်မျိုး ဖြစ်နေတဲ့အချက်ကြောင့် အမေရိကန်က မထောက်ခံနိုင်ပါဘူး”ဟု ကုလသမဂ္ဂဆိုင်ရာ လက်ထောက် အမေရိကန် သံအမတ်ကြီး ရောဘတ်ဝုဒ် က ပြောကြားခဲ့သည်။
ရောဘတ်ဝုဒ် က ယခုကိစ္စရပ်ကို ဖြေရှင်းရန်အတွက် အမေရိကန်သည် အပေးအယူလုပ်ရန် ကြိုးပမ်းခဲ့သေးကြောင်း၊ သို့သော် ညှိနှိုင်းရေးစားပွဲဝိုင်းဆီသို့ ပြန်လာရန် မလိုအပ်ဟု ပြောကြားထားသော ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့ထံသို့ အဆိုပြုဆုံးဖြတ်ချက်နှင့်သက်ဆိုင်သော စာသားများကို ပေးပို့ရသည်က အန္တရာယ်ရှိသော သတင်းစကားပေးပို့ရမှုမျိုး ဖြစ်နေကြောင်း ပြောကြားခဲ့သည်။