- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
- AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ
- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
တစ်ကမ္ဘာလုံးကို အကူအညီ ပေးမနေနိုင်တော့ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော
"ကျွန်တော်တို့ဟာ ကမ္ဘာ့အစိုးရ မဟုတ်ပါဘူး။ စာနာမှုအကူအညီတွေကို ကျွန်တော်တို့လည်း တခြားသူတွေလိုပဲ ကူညီမှာပါ။ ဒါကိုလည်း ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး ကူညီသွားမှာပါ" ဟု ဘရပ်ဆဲတွင် ရောက်ရှိနေသည့် ရူဘီယိုက ဧပြီလ ၄ ရက်နေ့တွင် သတင်းထောက်များကို ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
05 Apr 2025

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စာနာမှုအကူအညီ အများစုကို ပေးအပ်နေသည့် ဝန်ထုပ်ဝန်ပိုးကြီးအား အမေရိကအနေဖြင့် ဆက်လက် ထမ်းရွက်နိုင်တော့မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်သလို အခြားသော ချမ်းသာသည့် နိုင်ငံများသည်လည်း ငလျင်ကြောင့် ပျက်စီးသွားသည့် မြန်မာကို တိုးမြှင့်ကူညီကြရန် ဝန်ကြီး မာကိုရူဘီယိုက ပြောကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
"ကျွန်တော်တို့ဟာ ကမ္ဘာ့အစိုးရ မဟုတ်ပါဘူး။ စာနာမှုအကူအညီတွေကို ကျွန်တော်တို့လည်း တခြားသူတွေလိုပဲ ကူညီမှာပါ။ ဒါကိုလည်း ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး ကူညီသွားမှာပါ" ဟု ဘရပ်ဆဲတွင် ရောက်ရှိနေသည့် ရူဘီယိုက ဧပြီလ ၄ ရက်နေ့တွင် သတင်းထောက်များကို ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
"ကျွန်တော်တို့မှာလည်း တခြားလိုအပ်ချက်တွေ ရှိနေတာဖြစ်တဲ့အတွက် ဒါတွေကို ဟန်ချက်ညီအောင် လုပ်ဖို့ လိုပါတယ်" ဟု ရူဘီယိုက ပြောသည်။
ဒေါ်နယ်ထရမ့်သည် သမ္မတတာဝန် ရယူပြီး ပထမဆုံးနေ့မှာပင် အမေရိက၏ နိုင်ငံရပ်ခြား အကူအညီများအားလုံးကို ရက် ၉၀ ဆိုင်းငံ့သည့်အမိန့် ထုတ်ပြန်ခဲ့သည်။ ဤဆိုင်းငံ့ချက်နှင့်အတူ USAID ၏ ကမ္ဘာတစ်ဝန်းမှ လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားသလို စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့ရေး အစီအစဉ်များလည်း အခက်ကြုံရပြီးနောက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စာနာမှုအကူအညီ ပေးအပ်သည့် အစီအစဉ်များလည်း ကသောင်းကနင်း ဖြစ်လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ငလျင်အတွက် ကန်ဒေါ်လာ ၂ သန်း ကူညီထားသည်။ စစ်တမ်းကောက်ယူရေးအတွက် လူသုံးဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည်ဟု ဝါရှင်တန်က ပြောထားသော်လည်း စစ်ကောင်စီထံမှ ဗီဇာရယူရာ၌ အခက်အခဲများ ကြုံနေရသဖြင့် ငလျင်အပြီး တစ်ပတ်ကျော်ကြာလာသည်အထိ မစေလွှတ်နိုင်သေးပေ။
USAID ကို ဖျက်သိမ်းလိုက်သဖြင့် မြန်မာ့ငလျင်အတွက် အကူအညီပေးရန် ကြန့်ကြာနေသည် ဆိုသည့် ဝေဖန်ချက်များကိုမူ ဝန်ကြီးရူဘီယိုက ငြင်းဆိုသည်။
မြန်မာသည် လုပ်ငန်းဆောင်ရွက်ရန် လွယ်ကူသောနိုင်ငံ မဟုတ်သလို နိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရသည်လည်း အမေရိကန်ကို သဘောမကျကြောင်းနှင့် မြန်မာပြည်တွင် အမေရိကန်က ဝင်ရောက်ဆောင်ရွက်မည်ကို မလိုလားကြောင်း မာကိုရူဘီယိုက ပြောဆိုသည်။