- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
ရေနစ်မြုပ်ပျောက်ဆုံးနေသည့် ကျောင်းသားသုံးအနက် ကျန်ရှိနေသည့် ရုပ်အလောင်းကိုတွေ့ရှိ
စစ်တွေမြို့၊ ပွိုင့်ကမ်းခြေတွင် ရေနစ်မြုပ်ပျောက်ဆုံးနေသည့် စတုတ္ထတန်းကျောင်းသား သုံးဦးအနက် ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကာ ယနေ့(အောက်တိုဘာလ ၂၇ ရက်)တွင် ကျန်ရှိနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
27 Oct 2022

စစ်တွေ ပွိုင့်ကမ်းခြေတွင် ရေနစ်မြုပ်သေဆုံးခဲ့ရသည့် မောင်အောင်လင်းသူ
DMG ၊ အောက်တိုဘာ ၂၇
စစ်တွေမြို့၊ ပွိုင့်ကမ်းခြေတွင် ရေနစ်မြုပ်ပျောက်ဆုံးနေသည့် စတုတ္ထတန်းကျောင်းသား သုံးဦးအနက် ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကာ ယနေ့(အောက်တိုဘာလ ၂၇ ရက်)တွင် ကျန်ရှိနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
နောက်ဆုံးတွေ့ရှိသည့် ရုပ်အလောင်းမှာ ပြည်တော်သာရပ်ကွက်နေ မောင်အောင်လင်းသူဖြစ်ပြီး ကျေးတောရွာမ မြစ်ကမ်းစပ်တွင် မွန်းလွဲ ၁၂ နာရီခန့်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သားဖြစ်သူ၏ ရုပ်အလောင်း မှန်ကန်ကြောင်း မိသားစုဝင်များကလည်း အတည်ပြုသည်။
“ကလေးရဲ့ အလောင်းကတော့ အင်္ဂါမစုံတော့ပါဘူး။ ညာလက်နဲ့ ညာခြေ မရှိတော့ပါဘူး။ မျက်နှာလည်း မရတော့ဘူး။ အသားအရောင်က ဖြူတယ်။ ပြီးရင် အလောင်းအရွယ်ကတော့ ကလေးအလောင်းပါ။ အခု ဒီအတောအတွင်းမှာ ပျောက်နေတဲ့လူတွေလည်း မရှိဘူးလေ။ အလောင်းရဲ့ အခြေအနေကလည်း ငါးရက် ၆ ရက်ရှိပြီ။ ရုပ်ပျက်နေပြီဆိုတော့။ အခုကျနော်တို့ စစ်တွေဆေးရုံကြီး ရင်ခွဲရုံကိုပို့ဖို့ လုပ်ဆောင်နေပါတယ်”ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကိုလင်းလင်းက DMG သို့ပြောသည်။
အဆိုပါ ကျောင်းသားသုံးဦးမှာ ပြည်တော်သာရပ်ကွက်မှ မောင်အောင်လင်းသူ၊ ပြည်တော်သာရပ်ကွက်မှ မောင်ဟိန်းထက်ဝင်းနိုင်နှင့် ဘုမေရွာ လေးထပ်တိုက်မှ မောင်ဇွဲဘုန်းခန့်တို့ဖြစ်ကြသည်။ ၎င်းတို့မှာ အသက် ၁၁ အရွယ်များဖြစ်ကြပြီး အောက်တိုဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ ၁၁ နာရီကျော်ခန့်က ပွိုင့်ကမ်းခြေတွင် ရေကစားနေစဉ် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
၄င်းတို့သုံးဦးအနက် ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်နှင့် ဘုမေရွာ လေးထပ်တိုက်မှ မောင်ဇွဲဘုန်းခန့်တို့ကို အောက်တိုဘာလ ၂၄ ရက်နေ့က ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျေးရွာရွာမ မြစ်ကမ်းစပ်တို့တွင် တွေ့ရှိခဲ့သည်။