- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
၅ ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့ စစ်တွေမြို့တွင် ကျင်းပ (ဓါတ်ပုံသတင်း)
၅ ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့ အခမ်းအနားကို စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ အလားတူ ရန်ကုန်မြို့တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အေးသာယာစာသင်တိုက်တွင်လည်း ပြုလုပ်ခဲ့ကြသည်။
04 Dec 2021
DMG ၊ ဒီဇင်ဘာ ၄
၅ ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့ အခမ်းအနားကို စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ အလားတူ ရန်ကုန်မြို့တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အေးသာယာစာသင်တိုက်တွင်လည်း ပြုလုပ်ခဲ့ကြသည်။
စစ်တွေမြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် စစ်ကောင်စီအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဌာန ဒုတိယ ညွှန်ကြားရေးမှူး အပါအဝင် သက်၊ ဒိုင်းနက်၊ မရမာကြီး၊ မြို စသည့် တိုင်းရင်းသားမျိုးနွယ်စုများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မနက်ဖြန် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မဟာချိုင်မြို့တို့တွင်လည်း ၅ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
ပုံမှန်ဆိုလျင် ယခုနှစ်သည် ၆ ကြိမ်မြောက် ဖြစ်သော်လည်း ယခင်နှစ်က ကိုဗစ်-၁၉ ကြောင့် မကျင်းပခဲ့ရသည့်အတွက် ၅ ကြိမ်မြောက် ဖြစ်သွားရခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - I002, F005