- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် အားထုတ်ခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
စစ်ကောင်စီနေဗီက ပစ်ခတ်မှုကြောင့် မောင်တောဒေသခံနှစ်ဦး ဒဏ်ရာရ
“ကျောက်ပန္ဒူနားကနေ ကြည့်ရင်တော့ နေဗီကို မြင်ရတယ်။ သူတို့ ငါးယောက်က ငါးရှာပြီး ပြန်လာတာမှာ လက်နက်ကြီးပစ်တာနဲ့တိုးတော့ နှစ်ယောက်က လက်နက်စမှန်လို့ ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
19 Dec 2024

DMG ၊ ဒီဇင်ဘာ ၁၉
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာမှ ဒေသခံနှစ်ဦးမှာ စစ်ကောင်စီနေဗီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
အသက် (၁၄) နှစ်အရွယ် မောင်အောင်မင်းဟိန်းနှင့် အသက် (၁၃)နှစ်အရွယ် မောင်ဇော်လင်းဟိန်းတို့မှာ အဖော်သုံးဦးနှင့်အတူ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက ငါးရှာပြီးပြန်လာစဉ် ကျောက်ပန္ဒူကမ်းခြေအနီး ဘင်္ဂလားပင်လယ်ပြင်ရှိ စစ်ကောင်စီနေဗီက ပစ်ခတ်သည့် ကျည်စထိမှန်ကာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
“ကျောက်ပန္ဒူနားကနေ ကြည့်ရင်တော့ နေဗီကို မြင်ရတယ်။ သူတို့ ငါးယောက်က ငါးရှာပြီး ပြန်လာတာမှာ လက်နက်ကြီးပစ်တာနဲ့တိုးတော့ နှစ်ယောက်က လက်နက်စမှန်လို့ ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မောင်အောင်မင်းဟိန်းမှာ ညာဘက်ပေါင်နှင့် မောင်ဇော်လင်းဟိန်းမှာ ညာဘက်တင်ပါး၊ ညာဘက်နားရွက်အောက်တွင် ပွန်းပဲ့ဒဏ်ရာရရှိသွားပြီး နီးစပ်ရာတွင် ဆေးကုသမှုခံယူနေရသည်။
လက်ရှိ မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ကျောက်ပန္ဒူကမ်းခြေတစ်လျှောက် ဘင်္ဂလားပင်လယ်အော်တွင် စစ်ကောင်စီနေဗီနှစ်စီး သွားလာလှုပ်ရှားနေပြီး လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုများလည်းရှိနေသည်။
“စစ်ကောင်စီနေဗီတွေ ဒီနားမှာသွားနေတာ နှစ်စီးရှိတယ်။ လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ ဘယ်ကိုပစ်လို့ ပစ်မှန်းမသိဘူး။ အသွားအလာလုပ်လိုက်၊ ပစ်လိုက်ပဲ” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၁၇ ရက်ကလည်း စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရွှေဇားကျေးရွာတွင် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။
ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA)က မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက AA ထိန်းချုပ်ဒေသများကို လေကြောင်း၊ လက်နက်ကြီးဖြင့် မကြာခဏ တိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု လစဉ်တိုးလာနေသည်။