- ဒုက္ခသည်စခန်းများတွင် စစ်ရေးပြင်ဆင်မှုများ ရှိနေသည်ဆိုသည့် ICG ပြောကြားချက် ဘင်္ဂလားဒေ့ရှ် ငြင်းဆို
- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
- ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
မြောက်ဦး FDA ရုံးအနီးနားကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ
မြောက်ဦးမြို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် AA က သိမ်းပိုက်ထားပြီး ယင်းအချိန်မှစ၍ စစ်ကောင်စီသည် မြောက်ဉီးမြို့နှင့် ကျေးရွာများကို လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရသည်။
06 Aug 2024

DMG ၊ ဩဂုတ် ၆
အာရက္ခတပ်တော်က သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ကို စစ်ကောင်စီက ယနေ့ (ဩဂုတ် ၆) နံနက် ၂ နာရီအချိန် ဂျတ်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုကန်ကျေးရွာအနီးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရုံးအနီးသို့ နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့ပြီး လူအထိအခိုက်မရှိကြောင်း ဒေသခံများက ပြောသည်။
“မနက် နှစ်နာရီလောက်က လာကြဲသွားတာ။ လူတွေ အထိအခိုက်တော့ မရှိပါဘူး။ မနက်ပိုင်းလောက်ကလည်း လေယာဉ်ဝဲခဲ့တာရှိတယ်။ အနီးအနားက ဒေသခံတွေကတော့ စိုးရိမ်မှုမြင့်တက်နေတယ်” ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောသည်။
မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်ကလည်း ပေါက်တောပြင်ကျေးရွာနှင့် ဝေသာလီကျေးရွာကြားသို့ စစ်ကောင်စီက လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ မေလ ၂၄ ရက်ကလည်း မြောက်ဦးမြို့ရှိ ခရိုင်ထွေ/အုပ်ရုံးကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆောက်အအုံပျက်စီးမှုများ ရှိခဲ့သည်။
“AA ထံမှာ စစ်ရေးရှုံးနိမ့်တာကို အငြိုးထားပြီး စစ်ရေးနဲ့မသက်ဆိုင်တဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ တွေ မလုပ်ဖို့ စစ်ကောင်စီကို တောင်းဆိုချင်ပါတယ်” ဟု မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
မြောက်ဦးမြို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ယင်းအချိန်မှစ၍ စစ်ကောင်စီသည် မြောက်ဉီးမြို့နှင့် ကျေးရွာများကို လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရသည်။
စစ်ကောင်စီသည် ရခိုင်ဒေသက ဆေးရုံ၊ ဌာနဆိုင်ရာရုံးများနှင့် အရပ်သားများနေထိုင်ရာကို လေကြောင်းဖြင့် မကြာခဏ လာရောက်ပစ်ခတ်လေ့ရှိသဖြင့် ရခိုင်တွင် နေ့စဉ် အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေသည်။