- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
မြေပုံမြို့နယ်မှ ကျေးရွာ ၁၀ ရွာခန့်တွင် အမည်မသိရောဂါဖြင့် နွားသေဆုံးမှုများဖြစ်ပေါ်နေ
ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ ကျေးရွာ ၁၀ ရွာခန့်တွင် အမည်မသိရောဂါဖြင့် နွားသေဆုံးမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
13 Feb 2023

DMG ၊ ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ ကျေးရွာ ၁၀ ရွာခန့်တွင် အမည်မသိရောဂါဖြင့် နွားသေဆုံးမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုလပထမအပတ်မှ စတင်ကာ မြေပုံမြို့နယ်အတွင်းက ပင်ကပ်တောင်မော်၊ ရှောက်ခြုံ၊ ချောင်းကြီး၊ ရက်ချောင်း၊ ယိုးစနွင်း စသည့် ကျေးရွာအုပ်စုများမှ ကျေးရွာ ၁၀ ရွာခန့်တွင် နွားသေဆုံးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ပင်ကပ်တောင်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။
“ရောဂါလက္ခဏာတွေက နှာရည်လိုမျိုး အရည်တွေထွက်တယ်။ ပြီးရင် စအိုပေါက်က သွေးထွက်တယ်။ နွားရဲ့ခန္ဓာကိုယ်မှာ အဖုလေးတွေပေါက်တာတွေလည်းရှိတယ်။ အဲဒါတွေဖြစ်ပြီး တစ်ပတ်လောက်နေရင် အဲဒီနွားက သေပြီ။ ဘာရောဂါဆိုတာကို ရွာသားတွေကတော့ မပြောတတ်ဘူးပေါ့”ဟု ၎င်းက ပြောသည်။
အဆိုပါကျေးရွာ ၁၀ ရွာခန့်တွင် ယင်းသို့ရောဂါလက္ခဏာပြပြီး နွားများသေဆုံးမှုဖြစ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ရှိတွင် ကျေးရွာတစ်ရွာတွင် နွားအကောင်ရေ ငါးကောင်မှ ဆယ်ကောင်အထိ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြေပုံမြို့နယ်၊ ကန့်ကော်ချောင်းကျေးရွာမှ ကိုဦးတင်ဝင်းက “ ဒီရွာဘက်တစ်လျောက်မှာ ဖြစ်နေတာ။ အရင်ကဆိုရင် ကျနော်တို့ရွာဘက်မှာ နွားတွေ ခွာနာ၊ လျှာနာပဲ ဖြစ်ဖူးတယ်။ အခုက ပါးစပ်တို့ နှာခေါင်းတို့မှာ နှာစီးသလိုမျိုး အရည်တွေထွက်တယ်။ တချို့အကောင်တွေက ကျောက်ရောဂါဖြစ်သလို အဖုတွေပေါက်တယ်။ အဲလိုဖြစ်ပြီးသေကြတာ။ ဒါကို ဆရာဝန်တွေက စစ်ဆေးပေးစေချင်ပါတယ်။ ရောဂါက ဘယ်ရောဂါမှန်းမသိရဘူး” ဟု ၎င်းက ပြောသည်။
နွားများသေဆုံးမှုများမှာ ယခုထက်ပို၍ များပြားလာပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ တင်ပြပြီး စစ်ဆေးပေးရန်တောင်းဆိုသွားမည်ဖြစ်ကြောင်း ကျေးရွာသားများက ဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ၊ ၂၀၂၁ ခုနှစ်အတွင်းကလည်း မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပေါင်ပုတ်၊ လက်ပုတ် ရောဂါ၊ အရေပြားရောဂါတို့ဖြင့် နွားသေဆုံးမှုများရှိခဲ့သည်။
#R005