- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
မာန်အောင်တွင် နွားများရောဂါဖြစ်ပွားကာ သေဆုံးမှုရှိနေ
မာန်အောင်မြို့နယ်က ကျေးရွာအချို့တွင် ယခုနှစ် မတ်လအစောပိုင်းမှစတင်ကာ နွားများရောဂါဖြစ်ပွားနေပြီး သေဆုံးမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
15 Mar 2021
DMG ၊ မတ် ၁၅
မာန်အောင်မြို့နယ်က ကျေးရွာအချို့တွင် ယခုနှစ် မတ်လအစောပိုင်းမှစတင်ကာ နွားများရောဂါဖြစ်ပွားနေပြီး သေဆုံးမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ဖက်ယားကျေးရွာနှင့် သစ်ပြင်ကျေးရွာ၌ နွားအကောင်ရေ ၆ ကောင်ထိ သေဆုံးသွားပြီဖြစ်ကြောင်း ဖက်ယားကျေးရွာဒေသခံ ဦးလူလှကြီးက ပြောသည်။
"နွားကတော့ ၆ ကောင်သေသွားပြီ။ ကျေးရွာ ၂ ရွာက မွေးကုကိုတော့ သွားမပြဖြစ်ဘူး။ ဒေသက ဆရာဝန်တွေနဲ့ကုတယ်။ သက်သာလာတဲ့ နွားလို့တော့မရှိဘူး။ ဆေးကုရင်း သေသွားကြတယ်" ဟု ပြောသည်။
သေဆုံးသည့် နွားများမှာ ပေါင်ပုတ်၊ လက်ပုတ်ရောဂါဖြင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ဦးလူလှကြီးက ဆိုသည်။
သေဆုံးသွားသည့် နွားများမှာ ဖက်ယားကျေးရွာမှ ဦးကံမြင့်တွင် တစ်ကောင်၊ ဒေါ်မသန်းစိန်တွင် တစ်ကောင်၊ ဦးမောင်သန်းစိန်တွင် တစ်ကောင်နှင့် သစ်ပြင်ကျေးရွာမှ ဦးကျန်ကွင်းတွင် နှစ်ကောင်၊ ဦးချမ်းသာအောင်တွင် တစ်ကောင်တို့ ဖြစ်ကြသည်။
မာန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာဦးသန်းဝင်က “ကျနော်တို့ကို အကြောင်းကြားလာတာတော့ မရှိသေးဘူး။ ကျနော်တို့ မသိသေးဘူး။ ရောဂါဖြစ်နေတယ်ဆိုတော့ ကျနော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မေးမြန်းပြီး ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်ပေးသွားမယ်” ဟု သူကပြောသည်။
နွားများ သေဆုံးမှုရှိနေ၍ နွားမွေးမြူရေးလုပ်ကိုင်သူနှင့် တောင်သူအချို့မှာ ဆုံးရှုံးနစ်နာမှုရှိနေကြသည်။
မာန်အောင်မြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လမှစ၍ ယခုမတ်လအထိ ရောဂါဖြစ်ပွား၍ သေဆုံးသွားသည့် နွားအကောင်ရေ ၄၀ ထိရှိကြောင်း DMG စာရင်းအရ သိရသည်။