- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
မြောက်ဦးမြို့ လောကမာန်အောင်စေတီတွင် မိုးကြိုးထိမှန်၍ လွင့်စင်ပျောက်ဆုံးခဲ့သည့် စိန်ဖူးတော်ကိုပြန်တွေ့
မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်ရှိ လောကမာန်အောင်စေတီတော်ကြီးကို မိုးကြိုးထိမှန်၍ မြေခပျောက်ဆုံးခဲ့သည့် စိန်ဖူးတော်အား ယနေ့နံနက် ၈ နာရီခန့်တွင် ပြန်လည်ရှာတွေ့ခဲ့ကြောင်း ထိုစေတီတော်၏ ဂေါပကအဖွဲ့ထံမှသိရသည်။
23 Jul 2022

DMG ၊ ဇူလိုင် ၂၃
မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်ရှိ လောကမာန်အောင်စေတီတော်ကြီးကို မိုးကြိုးထိမှန်၍ မြေခပျောက်ဆုံးခဲ့သည့် စိန်ဖူးတော်အား ယနေ့နံနက် ၈ နာရီခန့်တွင် ပြန်လည်ရှာတွေ့ခဲ့ကြောင်း ထိုစေတီတော်၏ ဂေါပကအဖွဲ့ထံမှသိရသည်။
အဆိုပါစေတီတော်ကြီးမှာ ဇူလိုင် ၂၂ ရက် နေ့လည် ၁ နာရီအချိန်က မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်ပြီး စိန်ဖူးတော်မှာ မြေခလွင့်စင်သွားကာ ရှာမရဘဲဖြစ်ခဲ့သည်။ ယနေ့နံနက်က ၎င်းစိန်ဖူးတော်ကို ပြန်လည်တွေ့ရှိခဲ့သည်ဟု လောကမာန်အောင်စေတီ ဂေါပကအဖွဲ့ဝင် ဦးအောင်ကျော်ခိုင်ကပြောသည်။
“မနေ့က အချိန်အကြာကြီးရှာဖွေခဲ့ကြပေမယ့် စိန်ဖူးတော်ကို ခြံရံထားတဲ့ အခြားပစ္စည်းတွေပဲတွေ့ခဲ့ရတယ်။ ထိပ်မှာကွက်ထားတဲ့စိန်းဖူးကိုတော့ မတွေ့ခဲ့ရဘူး။ ဒီမနက် ပြန်ရှာဖွေတဲ့အခါကျမှ တွေ့ခဲ့ရတယ်”ဟု ဦးအောင်ကျော်ခိုင်ကပြောသည်။
၎င်းစိန်ဖူးတော်ကို ၂၀၁၉ ခု မတ်လတုန်းက ထီးတော်တင်ပူဇော်ခဲ့ခြင်ဖြစ်ပြီး အမြင့် ၈ လက်မခန့်နှင့် လုံးပတ် ၆ လက်မအရွယ်အစားရှိကာ ငွေကျပ်သိန်း ၆၀ ခန့်တန်ဖိုးရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
လောကမာန်အောင်စေတီတော်ကြီးကို မိုးကြိုးထိမှန်သည်မှာ ယခုအကြိမ်ဆိုလျှင် သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ဦးအောင်ကျော်ခိုင်က ဆက်ပြောသည်။
“ဒါနဲ့ဆို မိုးကြိုးထိတာ သုံးခါရှိပါပြီ။ ၂၀၂၀ ခုနှစ် ဇူလိုင်လလောက်ကလည်း နှစ်ခါထိမှန်ခဲ့ပါတယ်။ ထီးတော်ကလွဲရင် စေတီတော်ကြီးကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး”ဟု ဦးအောင်ကျော်ခိုင်က ပြောသည်။
လက်ရှိ စိန်ဖူးတော်ကို ဂေါပကအဖွဲ့ဝင်များမှ သိမ်းဆည်းထားရှိပြီး ထီးတော်တင်အခမ်းအနား ပြန်လည်ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ ရှေး/သုဦးစီးဌာနနှင့် အစည်းအဝေးပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
လောကမာန်အောင်စေတီတော်ကြီးသည် မြောက်ဦးမြို့၏ ထင်ရှားကျော်ဇောသည့် မာန်ငါးပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်ကာ AD-၁၆၅၂ ခုနှစ်တွင် ဘုရင်စန္ဒသုဓမ္မရာဇာမှ တည်ထားပူဇော်ခဲ့သည့် စေတီတော်ဖြစ်သည်။