- စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဒုစရိုက်မှုများ မြင့်တက်နေ
- အမတ (၃၄၄) တပ်ရင်းက ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ဆေးကုသခွင့်မရ၍ ထွက်ပြေး
- မိုးရောက်သည်နှင့်တစ်ပြိုင်နက် ရခိုင်တောင်ပိုင်း သယ်ယူပို့ဆောင်ရေး စတင် အခက်တွေ့
- အာဏာသိမ်း ၄ နှစ်အတွင်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ကျော်ရှိ
- တရုတ်-အမေရိကန် အားပြိုင်မှုက ရခိုင်အပေါ် သက်ရောက်နိုင်သလား
စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့အထိ ရောက်ရှိလာ
ဖားကန့်ကို ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် KIA နှင့် ထိတွေ့တိုက်ပွဲ တစ်လကျော်ကြာဖြစ်ပွားပြီးနောက် ယခုအခါ ဖားကန့်မြို့ အထိ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
29 May 2025

DMG ၊ မေ ၂၉
ဖားကန့်ကို ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် KIA နှင့် ထိတွေ့တိုက်ပွဲ တစ်လကျော်ကြာဖြစ်ပွားပြီးနောက် ယခုအခါ ဖားကန့်မြို့ အထိ ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလကုန်ပိုင်းတွင် အင်အားအများအပြားဖြင့် ကာမိုင်းမြို့ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းကို KIA တပ်မှ ကြားဖြတ်တိုက်ခိုက်မှုမျာကြောင့် တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း လက်ရှိမှာ ဖားကန့်မြို့ အထိ ရောက်ရှိလာခြင်းဖြစ်သည်။
" မနေ့က လုံးခင်းမှာ သေနတ်ပစ်ခတ်သံတွေလည်း ကြားရတယ်။ ကျမတို့ဆိုလည်း လုံးဝအိမ်ထဲက အိမ်အပြင် မထွက်ရဲသလို အသံလည်း လုံးဝမထွက်ရဲဘူး။ အရပ်သားတွေလည်း ဖမ်းတာရှိတယ်လို့ သိရတယ် " ဟု လုံးခင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့ (မေ ၂၈ ရက်) စစ်ကောင်စီ၏ စစ်ကြောင်းသည် ဖားကန့်မြို့အဝင်က လုံးခင်းကျေးရွာအထိ ရောက်ရှိလာပြီး ကျေးရွာအတွင်းမှ အရပ်သားအချို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်ကြောင်းမှာ လုံးခင်းကျေးရွာမှတစ်ဆင့် ဖားကန့်မြို့ထဲသို့ ရောက်ရှိလာကြောင်း ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
" ဒီနေ့ နှစ်ဘက်တိုက်ပွဲဖြစ်သံတော့ မကြားရသေးဘူး။ စစ်ကြောင်းက မြို့ထဲကို ဝင်နေပြီလို့ သိရတယ်။ ဖားကန့်က လူတချို့လည်း ရှောင်ကုန်ပြီ " ဟု ၎င်းက ဆိုသည်။
လက်ရှိ ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသန်းနေပြီး ဖားကန့်မြို့နှင့် လုံးခင်းကျေးရွာမှ ဒေသခံထောင်ချီမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။
စစ်ကောင်စီ စစ်ကြောင်းမှာ ဆက်လက်စစ်ကြောင်းထိုးနေပြီး အရပ်သားများကို ဖမ်းဆီးမှုများ လုပ်နေသောကြောင့် ဖားကန့် ဒေသခံများအနေဖြင့် သတိထားသွားလာကြရန် လိုအပ်ကြောင်း ဒေသတွင်း ဒေသတွင်းအဖွဲ့အစည်းများက တိုက်တွန်းထားကြသည်။