နမ့်ဆန်တွင် TNLA ကို စစ်ကောင်စီက ဂျတ်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျတ်တိုက်လေယာဉ် ၃ စီးဖြင့် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

By Admin 12 Dec 2022

နမ့်ဆန်တွင် TNLA ကို စစ်ကောင်စီက ဂျတ်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့်နေအိမ်နှင့် စာသင်ကျောင်းအချို့ ထိခိုက်ပျက်စီးခဲ့စဉ်။ ဓာတ်ပုံ- PSLF/TNLAသတင်းနှင့်ပြန်ကြားရေးဌာန

DMG | ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျတ်တိုက်လေယာဉ် ၃ စီးဖြင့် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၁) ည အချိန်၌ TNLA တပ်မဟာ ၂ နယ်မြေ ကုန်းသာ နှင့် ရေပုံးကျေးရွာအနီးသို့ စစ်ကောင် စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း နေအိမ် ၅ လုံးအပါအဝင် ဘာသာရေးအဆောက်အုံတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ယနေ့ (ဒီဇင်ဘာလ ၁၂ရက်) နေ့လည် ၁ နာရီ ကျော်အထိ ကုန်းသာကျေးရွာနှင့် ရေပုံးကျေးရွာတို့အနီး၌ တိုက်ပွဲထပ်မံဖြစ်ပွားနေကာ အ‌ေသးစိတ်ကို မသိရှိရသေကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ဆိုသည်။

“ ဂျက်တိုက်လေယာဉ်သုံးစီးနဲ့ ပေါင်ချိန် (၅၀၀) ရှိတဲ့ ဗုံးသီးတွေ သုံးပြီး ကြဲသွားတယ်။ ကုန်းသာနဲ့ ရေပုံးရွာအနီးကို ကြဲသွားတယ်။ ဒီနေ့မနက်မှာတော့ တိုက်ပွဲ ပြန်ဖြစ်ပွားနေပါတယ် ” ၄င်းကဆိုသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ကုန်းသာနှင့် ရေပုံးကျေးရွာအနီးသို့ ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် (၅)ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နေအိမ်(၅) လုံး၊ ဘုန်းတော်ကြီး ကျောင်းဆောင်တစ်ခုနှင့်စာသင်ကျောင်း(၁) ကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ (ဒီဇင်ဘာ၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရေပုံးကျေးရွာသား တစ်ဦးက “ ည ၈နာရီ မှာ လေယာဉ်ဝဲသံကြားပြီးတော့ ဗုံးကြဲသွားတယ်။ ဂျက်လေယာဉ် ၃ စီးနဲ့ ပစ်သွားတာပါ။ မြေကြီးပါတုန်သွားတယ်။ ငါးကြိမ်ထိ ဗုံးကြဲသွားတယ် ” ဟု ၄င်းကပြောသည်။

စစ်ကောင်စီနှင့် TNLA တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်မှ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

လက်ရှိတွင် လေကြောင်းဖြင့်တိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကုန်းသာ၊ မန်လုံ၊ တာလိုင်၊ ဟူးမန်းနှင့် ဆာမ်ငန်းစသည့်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူဦးရေ ၁၂၀၀ ကျော်ထိရှိကြောင်း စစ်ဘေးရှောင်များကို ကူညီပေးသူများထံမှ သိရသည်။

“ အခုထိ တိုက်ပွဲတွေ ထပ်မံ ဖြစ်လာနေတဲ့အတွက် စစ်ဘေးရှောင်ဒေသခံတွေ ပိုပြီး တိုးလာဖို့ရှိနေတယ်။ အဲဒီအတွက် စားနပ်ရိက္ခာတွေနဲ့ အဝတ်အထည်တွေ ပိုပြီးလိုအပ်လာပါတယ် ” ဟု ၄င်းကပြောသည်။

အဆိုပါ ကုန်းသာနှင့် ရေပုံးကျေးရွာများအတွင်းသို့ လေကြောင်း ဖြင့်ဗုံးကြဲတိုက်ခိုက်မှုရှိကြောင်း ဒေသခံများ၏ ပြောဆိုချက် နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဗီဒီယိုများ