ကမန်တွေကို တိုင်းရင်းသားလို့ အသိအမှတ်မပြုတော့ဘူးလား
22 Mar 2018
ကမန်လူမျိုးတွေဟာလည်း တိုင်းရင်းသား မျိုးနွယ်စုဝင်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုနေရာမှာမဆို လွတ်လပ်စွာ အခြေစိုက်နေနိုင်ပါ တယ်။ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့အချက်ကိုကြည့်ပြီးတော့ သူတို့လည်း ဘင်္ဂါလီတွေပဲလို့ မှတ်ယူနေရင် တိုင်းရင်းသားအချင်းချင်း ခွဲခြားရာရောက်ပါလိမ့်မယ်။ ကမန်လူမျိုးတွေဟာ တိုင်းရင်းသား (၁၃၅) မျိုးမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့အတွက် သူတို့ဟာ ဘယ်နေ ရာ၊ ဘယ်အရပ်မဆို လွတ်လပ်စွာသွား လာခွင့်ရှိသလို ဘယ်နေရာမှာမဆို အခြေစိုက်နေထိုင်ခွင့်လည်း ရှိပါတယ်။