တိုးလာသည့် စစ်ရှောင်၊ ပြင်းထန်လာသည့် စစ်ပွဲနှင့် ကျီးလန့်စာစား ပြည်သူ
22 Mar 2019
စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသော ပြည်သူအများစုမှာ လယ်လုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ ဥယာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသူများဖြစ်သည်။ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်နေ၍ မိမိတို့၏ စိုက်ခင်း၊ဥယာဉ်များသို့ မသွားလာဝံ့ ဖြစ်နေကြသည်။ ယင်းအပြင် တဖက်တွင်လည်း ARSA အဖွဲ့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ အန္တရာယ်ကိုပါ စိုးရိမ်ကြောင့်ကြနေကြရသည်။