အဆုံးမရှိတိုက်ပွဲကြားက ငြိမ်းချမ်းရေးမျှော်လင့်ချက်
25 Jun 2020
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် ၂၀၁၈ ခုနှစ်ကုန်ခါနီးကပင် တိုက်ပွဲဖြစ်ပွားလာခဲ့ရာ လက်ရှိမှာ အရပ်သားတစ်သိန်းငါးသောင်းကျော် မိမိအိုးအိမ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်ကြာလာသော်လည်း တိုက်ပွဲရပ်တန့်မည့် အရိပ်အရောင်ကိုတော့ မတွေ့ရသေးပေ။ တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဆိုင်မှု အားကောင်းနေကြတုန်းပင် ဖြစ်သည်။