သမိုင်းဝင် ဘဲငါးရာတောင်သို့ တက်ရောက်ခြင်း
19 Nov 2018
ဘဲငါးရာတောင်နှင့် ပတ်သက်ပြီး ဂမ္ဘီရဆန်သော ဖြစ်ရပ်များစွာရှိသည်။ ဒေသခံများကြုံတွေ့ရသော ဖြစ်ရပ်ဆန်းများ၊ သစ်ရိပ်ဝါးရိပ်အောက်တွင် တရားရှာသောပုဂ္ဂိုလ်များ၊ လောဘသားကောင် သိုက်ဆရာများအကြောင်း၊ ဘဲငါးရာတောင်တော်ရှင်မ၏ သိုက်နန်းအကြောင်းနှင့် တခြားပါးစပ်ရာဇဝင် စိတ်ဝင်စားဖွယ်ဖြစ်စဉ် ဒဏ္ဍာရီပုံပြင်များစွာ ရှိနေသည်။