စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်များ တည်ဆောက်ခြင်းဖြင့် ရခိုင်ပြည်နယ်၏ စီးပွားရေးကိုထူထောင်
17 Jan 2019
မကြာမီတစ်ချိန်တွင် စစ်တွေ ပင်လယ်ကူးဆိပ်ကမ်းသို့ နိုင်ငံခြားကုန်တင်သင်္ဘောများ ဝင်ရောက်လာတော့မည် ဖြစ်သည်။ အဆိုပါ သင်္ဘောများအတွက် စားနပ်ရိက္ခာ ဖြည့်တင်းရာတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ လုံလောက်စွာ ဖြည့်တင်းနိုင်ရေး ထုတ်လုပ်သွားရန် လိုအပ်မည်ဖြစ်သည်။၂၀၀၀ ပြည့်လွန်နှစ်များက ရခိုင်ကမ်းရိုးတန်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေသည့်လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ အဆိုပါလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအတွက်