- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
သံတွဲရေကြီးမှုကြောင့် ဒေသခံအချို့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရ
သံတွဲမြို့နယ်ရှိ သမုတ်ချောင်း၊ နံတော်ပြင်၊ မဲကျွန်း စသည့်နေရာများ၊ မြေနိမ့်ပိုင်း မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများ ယာယီရွှေ့ပြောင်းခဲ့ရခြင်းဖြစ်သည်။
24 Jul 2025

DMG ၊ ဇူလိုင် ၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်ကစပြီး မိုးသည်ထန်စွာရွာသွန်းမှုနှင့်အတူ ဒီရေ မြင့်တက်မှုများကြောင့် ရနစ်မြုပ်ခဲ့သည့် ရပ်ကွက်များမှ ဒေသခံများကို အရေးပေါ် ယာယီရွှေ့ပြောင်း မှုများပြုလုပ်ခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
သံတွဲမြို့နယ်ရှိ သမုတ်ချောင်း၊ နံတော်ပြင်၊ မဲကျွန်း စသည့်နေရာများ၊ မြေနိမ့်ပိုင်း မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများ ယာယီရွှေ့ပြောင်းခဲ့ရခြင်းဖြစ်သည်။
သံတွဲမြို့ခံ အမျိုးသားတစ်ဦးက “ မနေ့ကတော့ မိုးကြီးပြီး ဒီရေတက်လာတာကြောင့် မြို့ရဲ့ စိုးရိမ်ရေမှတ်ပေါ် ၁ ပေလောက်အထိ မြင့်တက်ခဲ့တယ်။ မြေနိမ့်ပိုင်း ရပ်ကွက်တွေ၊ ကျေးရွာတွေက ဒေသခံအချို့နဲ့ စစ်ဘေးရှောင် တချို့ကိုလည်း ယာယီရွေ့ပြောင်း လိုက်ကြတာရှိတယ်။ ဒီနေ့ နေ့လည်ပိုင်းအထိတော့ ရေက စိုးရိမ်ရေမှတ် အောက်ကို ရောက်သွားပြီ။ ဒါပမေဲ့ ညနေပိုင်း မိုးရွာသွန်းမှုနဲ့ ဒီရေအတက်ကိုတော့ စောင့်ကြည့်ရအုန်းမယ် ” ဟု ပြောသည်။
သံတွဲမြို့နယ်မှာ နှစ်စဉ်နှစ်တိုင်း မိုးတွင်းရာသီတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး ယခုနှစ် ရေကြီးမှု ခြေအနေမှာ စိုးရိမ်စရာအထိမရှိခဲ့ကြောင်းလည်း သံတွဲမြို့ခံများက ပြောကြသည်။
လက်ရှိတွင် မြို့တွင်းနေရအနည်းငယ်ကျလာနေပြီး လှေငယ်များဖြင့် သွားလာနေကြရဆဲဖြစ်သော်လည်း စိုးရိမ်ရသည့်အနေအထားမရှိတော့ကြောင်း နောက်ထပ်သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရေကတော့ အကျဖက်ကို ရောက်နေပါပြီ။ မြို့ထဲက မြေနိမ့်ပိုင်းတချို့မှာ လှေတွေနဲ့ သွားလာနေကြရတယ် ဆိုပေမယ့် ရေက ၃ ပေပတ်ဝန်းကျင်လောက်ပဲ တက်ခဲ့တာ။ မိုးလည်း ငြိမ်သွားပြီးဆိုတော့ တစ်ဖြည်း ဖြည်းကျ လာပါပြီ” ဟု ၎င်းက ပြောသည်။
သံတွဲမြို့နယ်မှာ ၂၀၂၄ ခုနှစ်ကလည်း ရေကြီးမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ရေကြီးဒဏ်ခံခဲ့ရသဖြင့် ပြည်သူများမှာ ထိခိုက်နစ်နာမှုများခဲ့ကြသည်။
သံတွဲမြို့နှင့်အတူ တောင်ကုတ်မြို့တွင်လည်း ရေကြီးမှုများဖြစ်ပေါ်နေပြီး စိုးရိမ်စရာ ရှိတော့ကြောင်း ဒေသခံ များက ပြောကြသည်။
ရခိုင်ပြည်တွင် ဇွန်လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် မြို့နယ် ၈ ခုတွင် ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော်မှာ အကူအညီများ လိုအပ်နေကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က သတင်းထုတ်ပြန်ထားသည်။