- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
ဗိုလ်မှူးကြီးဘုန်းမြတ် ကွယ်လွန်ခြင်းအတွက် ရက္ခိုင့်တပ်တော် AA က ဝမ်းနည်းဂုဏ်ပြုမှတ်တမ်းလွှာ ထုတ်ပြန်
ရက္ခိုင့်တပ်တော်၏ စံပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းမြတ်မှာ ကိုဗစ်ကူးစက်ခံရ၍ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
17 Jul 2021
DMG ၊ ဇူလိုင် ၁၇
ရက္ခိုင့်တပ်တော်၏ စံပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဘုန်းမြတ်သည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်၌ အသက် ၄၀ အရွယ်ရှိပြီဖြစ်သော ဗိုလ်မှူးကြီးဘုန်းမြတ်သည် ရက္ခိုင့်တပ်တော်၏ ဗွေဆော်ဦးတိုက်ပွဲကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ဖြစ်သလို ဖခင်ကွယ်လွန်ချိန်၌လည်း ပူးဆွေးနေမည့်အစား တိုင်းပြည်အရေး တော်လှန်ရေးတာဝန်ကို ဦးစားပေးကာ ပလက်ဝထိုးစစ်ကို ဦးဆောင်တိုက်ပွဲဝင်ပြီး အောင်မြင်မှုရယူခဲ့သူဖြစ်ကြောင်း အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်မှူးကြီး ဘုန်းမြတ်အတွက် ရက္ခိုင့်တပ်တော်၏ တပ်မှူးချုပ်/ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဦးညွှတ်ဂုဏ်ပြုကြောင်း သူ၏ တွစ်တာအကောင့်တွင် ဖော်ပြထားသည်။