- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
မအီတွင် ရဲတပ်ကြပ်တစ်ဦးကို AA ကဖမ်းဆီးပြီးနောက် ရပ်ကွက်အုပ်မှူးများကို မြန်မာစစ်တပ်က စစ်ဆေးရန်ခေါ်
တောင်ကုတ်မြို့နယ်၊ မအီမြို့ရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦးကို သြဂုတ်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် နေအိမ်မှ ရဲစခန်းသို့အသွား မအီမြို့အမှတ်(၂)ရပ်ကွက်၊ မှုကြိုကျောင်းရှေ့တွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများကဆိုသည်။
03 Aug 2022

DMG ၊ သြဂုတ် ၃
တောင်ကုတ်မြို့နယ်၊ မအီမြို့ရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦးကို သြဂုတ်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် နေအိမ်မှ ရဲစခန်းသို့အသွား မအီမြို့အမှတ်(၂)ရပ်ကွက်၊ မှုကြိုကျောင်းရှေ့တွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ဒေသခံများကဆိုသည်။
ထိုသို့အဖမ်းခံရသူမှာ အသက်(၅၀)အရွယ် ရဲတပ်ကြပ်ကြီး ထွန်းရွှေမောင်ဖြစ်ကြောင်း မအီမြို့နယ်ရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
“သူဂျူတီဆိုပြီးတော့ သူနေတဲ့ အမှတ်(၁)ရပ်ကွက်ကနေပြီးတော့ စခန်းကို ဆိုင်ကယ်နဲ့အသွား အမှတ်(၂)ရပ်ကွက် မူကြိုကျောင်းရှေ့မှာ အဖမ်းခံလိုက်ရတာဖြစ်တယ်။ အဲဒီ ရဲတပ်ကြပ်ကြီးကိုဖမ်းဆီးတာက အေအေကဖမ်းတာဖြစ်တယ်။ ဘယ်ကို ဖမ်းခေါ်သွားတယ်။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုလည်း မသိရသေးဘူး”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
ယင်းသို့ ရဲတပ်ကြပ်ကြီးဖမ်းဆီးခံရမှုကြောင့် မအီမြို့ပေါ်မှ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄) အုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်မှ စစ်ဆေးရန်ခေါ်ထားကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
“ခေါ်တာကတော့ ဒီနေ့ခေါ်တာဖြစ်တယ်။ သွားတဲ့အခါ အမှတ်(၄)အုပ်ချုပ်ရေးမှူးက ခရီးလွန်နေလို့ ရောက်မလာလို့ ပြန်ခိုင်းလိုက်တယ်လို့သိရတယ်။ မနက်ဖြန်မှာ ထပ်ခေါ်ထားတယ်လို့ဆိုတယ်။ အခုအဖမ်းခံရတဲ့ တပ်ကြပ်ကြီးက စိတ်ထားလည်းကောင်းတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ ကျနော်လည်း မပြောတတ်ဘူး”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
လက်ရှိ မအီမြို့တွင် မြန်မာစစ်တပ်ကမှ လှုပ်ရှားသွာလာမှုများရှိနေကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၂၄ ရက်နေ့ကလည်း စနဲမြို့ရဲစခန်းမှ စခန်းမှူးကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် မြန်မာစစ်တပ်က စနဲမြို့တွင်းသို့ရောက်ရှိလာကာ ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့ပြီး တစ်ဦးမှာ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည်။