- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ကျောက်ဖြူတွင် နယ်ထိန်းခေါင်းဆောင် ရဲအုပ်တစ်ဦးကို တပ်သားတစ်ဦးပစ်သတ်
ကျောက်ဖြူမြို့တွင် ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်က နယ်ထိန်းခေါင်းဆောင် ရဲအုပ်တစ်ဦးကို ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်သဖြင့် သေဆုံးသွားကြောင်း ရဲစခန်းအနီးပတ်ဝန်းကျင်မှ ဒေသခံများထံမှ သိရသည်။
30 Jul 2022
DMG ၊ ဇူလိုင် ၃၀
ကျောက်ဖြူမြို့တွင် ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်က နယ်ထိန်းခေါင်းဆောင် ရဲအုပ်တစ်ဦးကို ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်သဖြင့် သေဆုံးသွားကြောင်း ရဲစခန်းအနီးပတ်ဝန်းကျင်မှ ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ ရဲအုပ် အုန်းဇော်ဌေးဆိုသူဖြစ်ပြီး ရဲတပ်သား စိုးလင်းအောင်က ရဲစခန်းအတွင်း ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များကပြောသည်။
"ရဲစခန်းထဲမှာ မြို့နယ်မှူးပြောင်းတဲ့အတွက် နှုတ်ဆက်ပွဲရှိတယ်။ အဲဒီမှာသောက်စားကြရင်း စကားများပြီးရန်ဖြစ်ရာကနေ ပစ်ခတ်တာလို့ သိရတယ်။ ညကတည်းကပင် စစ်တပ်ကလည်း ရောက်လာကြတယ်။ လုံခြုံရေးတွေတော့ တော်တော်တင်းတင်းကြပ်ကြပ်ချထားတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သေနတ်ပစ်ခတ်သံမှာ ၁၀ ချက်ကျော် ကြားခဲ့ရပြီး မည်သည့်နေရာတွင် ထိမှန်ခဲ့သည်ကိုမသိရကြောင်း သူကဆက်ပြောသည်။ လက်ရှိ သေနတ်ဖြင့်ပစ်ခတ်သွားသည့် ရဲတပ်သား စိုးလင်းအောင်မှာ သေနတ်ကိုင်ဆောင်ပြီး ထွက်ပြေးသွားကြောင်းသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစစ်သိရှိနိုင်ရန် ကျောက်ဖြူမြို့နယ် ရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်သွယ်၍ မရရှိခဲ့ပါ။