ကျမ ကိုယ်ဝန်မလိုချင်ပါ၊ သို့သော် …

Admin 27 May 2024

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲ ၆ လကျော်အတွင်း အကြောင်းမဲ့ အသက် ဆုံးရှုံးသွားသည့် ကိုယ်ဝန်ဆောင် မိခင် ၅ ဦးထက်မနည်းရှိပြီး မြေပြင်တွင် ယင်းထက် ပိုများနိုင်သည်။ 

စစ်ပွဲနဲ့ ကုန်စျေးနှုန်းကြား ရခိုင်လယ်သမားတွေ စပါးစိုက်နိုင်ပါ့မလား

Admin 25 May 2024

ယခုနှစ် မိုးစပါးစိုက်ပျိုးရန် တစ်ဧကအတွက် သွင်းအားစုစရိတ်မှာ ငွေကျပ်ဆယ်သိန်းနှင့် အထက်ရှိနေပြီး တစ်ဧကမှထွက်သော စပါးဈေးနှုန်းနှင့် တူညီနေသည်။

အသက်နဲ့ရင်း၍ လွတ်မြောက်နယ်မြေဆီသို့ ....

Admin 22 May 2024

စစ်တွေမြို့မှ ဒေသခံ ၁၀၀ ကျော် ထွက်ပြေးလာကြစဉ် လမ်းခုလပ်တွင် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လှမ်းပစ်သဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးကြရာ မိုင်းနင်းမိ၍  ၃ ဦးသေဆုံးသွားသည်။

“လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်နေတဲ့အတွက် ကျနော်တို့ သတိထားနေထိုင်ရမယ်”

Admin 07 May 2024

ဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ARSA ၊ ARA ၊ RSO အဖွဲ့အစည်းများက အကျိုးစီးပွားချင်း ပူးပေါင်းကာ ရခိုင်နေအိမ်များကို မီးရှို့ဖျက်စီးနေခြင်းကြောင့် ဒေသနေမွတ်ဆလင်များမှာ ကြားညှပ်နေရသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။ 

စစ်ကောင်စီ ဖိနှိပ်မှုနှင့် ကြံ့ကြံ့ခံ ရခိုင်လူထု

Admin 28 Mar 2024

စစ်ကောင်စီ၏ ဖိနှိပ်အုပ်ချုပ်မှုဒဏ်မှ အလုံးစုံကင်းလွှတ်နိုင်ရေးမှာ အာဏာရှင်စနစ် အမြစ်ပြတ်ရန် လိုအပ်ပြီး “ကြားကာလမှာတော့ ပြည်သူတွေအနေနဲ့ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အရေးကြီးတယ်” 

စစ်ပွဲဇုန်ထဲက အိန္ဒိယစီမံကိန်း

Admin 26 Dec 2023

DMG ၊ Analysis Report

တောတောင်အထပ်ထပ် ပတ်ချာလည် ဝိုင်းရံထားသည့် မြို့နယ်တစ်ခုလုံးတွင် ရာနဲ့ချီသည့် လူငယ်များ သေနတ်လွယ်ပြီး သွားလာနေကြသည်ကို ယခုရက်ပိုင်း ပိုတွေ့လာရကြောင်း ဒေသခံများကပြောသည်။

ပလက်ဝဒေသသည် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ ရခိုင်ပြည် ကျောက်တော်မြို့သို့ ကုလားတန်မြစ်အတိုင်း စုန်ဆင်းမှ ထွက်ပေါက်ရသည့် ဒေသဖြစ်သည်။ 

“မြို့ပေါ်ကလွဲရင် ရွာတွေမှာ AA က ကောင်လေးတွေက သေနတ်ကိုင်ပြီး သွားလာနေကြတာ။ အခုပိုပြီး ထင်ပေါ်လာတယ်။ အခုဆို ထရွန်အိုင်၊ နှုံးဘူးက စစ်သားတွေ မရှိတော့ဘူးဆိုတော့ နယ်မြေစိုးမိုးသွားတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းကို အခြေပြု စတင်ခဲ့ရာကနေ တဖြည်းဖြည်းနှင့် အနောက်ဘက် ရခိုင်ပြည်သို့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကူးစက်လာသည်။ ယင်းထဲက စိတ်ဝင်စားစရာ ကောင်းသည်မှာ AA ၏ တိုက်ပွဲဖော်ဆောင်မှုနှင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုစီမံကိန်းများ ပတ်သက်နေမှုဖြစ်သည်။

လတ်တလောတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊...

ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်း - အပိုင်း (၃)

Admin 19 Dec 2023

ရခိုင်ဒေသတွင်ဖြစ်ပေါ်သော လူမှုရေး၊ နိုင်ငံရေး စသည့်ကိစ္စများသည် အကျိုးစီးပွားချင်းဆက်စပ်ရာ ဒေသများသို့လည်း ပြန့်နှံ့ရိုက်ခတ်မည် ဖြစ်ပေသည်။ အပြန်အလှန်အားဖြင့် အဆိုပါဒေသများတွင်ဖြစ်ပေါ်သော စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အစရှိသော ကိစ္စများသည်လည်း ရခိုင်ဒေသသို့ ရိုက်ခတ်မည်ပင် ဖြစ်ပေသည်။

စစ်ပွဲဇာတ်ကြောင်းကို အသစ်ပြန်ရေးနေသည့် ညီနောင်မဟာမိတ်

Admin 14 Nov 2023

■ စောသန္တာအေး ဘာသာပြန်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စတင်ခဲ့သည့် အံ့သြမှင်သက်ဖွယ်ရာ လျှပ်တပြက်ထိုးစစ်သည် သီတင်းနှစ်ပတ်ကျော် ကြာလာပြီဖြစ်သည်။ ဤထိုးစစ်ကြီးသည် မြန်မာ့ပြည်တွင်းစစ်သမိုင်းတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ရဲဝံ့စွန့်စားမှု အကြီးမားဆုံး လက်နက်ကိုင်တိုက်ပွဲလည်း ဖြစ်နိုင်ပေသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ အစောပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မဟာမိတ်တပ်အချို့သည် တရုတ်နယ်စပ် တစ်လျှောက်ရှိ မြန်မာစစ်တပ်စခန်းများကို ဝင်တိုက်ခဲ့ကြသည်။ ၎င်းနှင့်တစ်ချိန်တည်း၌ မန္တလေး၊ လားရှိုးနှင့် မူဆယ်တို့ကို ဆက်သွယ်ထားသည့် ပင်မ အဝေးပြေးလမ်းမကြီး တစ်လျှောက်ရှိ မြန်မာစစ်တပ်စခန်းများကိုပါ ဝင်တိုက်ခဲ့ကြသည်။

အရေးပါသည့် နယ်စပ်မြို့များဖြစ်သော ချင်းရွှေဟော်နှင့် မုန်းကိုးမြို့များကို စစ်တပ်နှင့် ရဲစခန်း ၈၀ ကျော်နှင့်အတူ သိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ လက်နက်ခဲယမ်း အမြောက်အများနှင့်အတူ စစ်တပ်စခန်း ၁၂၀ ကျော်ကို လက်နက်ကိုင်တပ်ဖွဲ့များက ချေမှုန်းခဲ့သည်။ ၎င်းတို့ သိမ်းပိုက်ရရှိသော လက်နက်များတွင် ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များကို တန်ပြန်ပစ်ခတ်နိုင်သည့် 14.5 စက်သေနတ်အကြီးစားများလည်း ပါဝင်သည်။

ယခုစစ်ဆင်ရေးတွင် ကိုးကန့်၊ အေအေနှင့် တအာန်းသုံးဖွဲ့ ပေါင်းထားသည့် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့်အတူ ဗမာပြည်လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်...

“ကျနော့်မှာ လက်နှစ်ဖက်ကတော့ မရှိတော့ဘူး။ ဒါပေမယ့် လယ်ထွန်လို့တော့ရတယ်”

Admin 10 Oct 2023

ကိုအောင်မြတ်ထွန်းသည် မွေးရာပါမသန်စွမ်းမဟုတ်ဘဲ အလုပ်ခွင်ထဲတွင် လက်နှစ်ဖက်ဆုံးရှုံးလိုက်သည့်အတွက် ကိုယ့်၏ဖြစ်တည်မှုကို လက်မခံနိုင်ဘဲ မိမိကိုယ့်ကိုသတ်သေဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်။

ဘယ်တော့ အိမ်ပြန်ရမလဲ

Admin 22 Sep 2023

မည်သိုပင်ဆိုစေကာမူ စစ်ကောင်စီက ပြန်လည်လက်ခံရေးကိစ္စ ရုတ်ရုတ်သဲသဲ စီစဉ်နေသော်လည်း အဆိုပါဒုက္ခသည်များမှာ သူတို့လိုအပ်သည့် အသက်အာမခံ၊ ယခင်နေခဲ့သည့် မိမိနေရပ်၊ နိုင်ငံသားဖြစ်ခွင့် မပေးပဲ ပြန်လည်လက်ခံရေးကိစ္စ မဖြစ်လာနိုင်ပေ။

ရေဘေးကြောင့် သောကတွေ ကျန်ခဲ့ရတဲ့ ရခိုင်က လယ်သမားတွေ

Admin 02 Sep 2023

စပါးစိုက်ခင်းတွေ ပျက်စီးသွားတဲ့အတွက် လက်ရှိ လယ်သမားတွေမှာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ တချို့လယ်သမားတွေမှာ လယ်ထွန်စက် အခက်ခဲ၊ မျိုးစပါး အခက်အခဲ၊ စပါးစိုက်ပျိုးဖို့အတွက် အလုပ်သမား အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။

ရပ်တည်ရခက်ခဲလာတဲ့ ကယ်ဆယ်ရေးစခန်းက ဟိန္ဒူများ

Admin 29 Aug 2023

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မွတ်ဆလင် ၇ သိန်းကျော်နှင့် ဟိန္ဒူ ၄၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

ဒီရေတောများကို အမှီပြု၍

Admin 19 Aug 2023

ရခိုင်တွင် ခေတ်အဆက်ဆက် တရားဥပဒေစိုးမိုးမှု အားနည်းသည့်အတွက် သစ်တောများ သာမက ဒီရေတောများပင် ပြုန်းတီးလာနေသည်။

အိမ်ပြန်ခွင့်ရဖို့ ကူညီပေးကြပါ

Admin 22 Jul 2023

ရခိုင်ပြည်က အသက် ၂၂ - ၂၆ နှစ်အရွယ် အမျိုးသမီးငယ် ၄ ဦးမှာ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံများဖြစ်သည့် ယူအေအီး(အာရတ်စော်ဘွားများနိုင်ငံ) နှင့် အီရတ်နိုင်ငံသို့ ပွဲစားများမှတဆင့် လူကုန်ကူးခံခဲ့ရပြီး လက်ရှိတွင် “ကူကယ်ရာမဲ့” ဖြစ်နေကြသည်။

ကပ်သုံးကပ်ကြောင့် ရပ်တည်ရပိုခက်ခဲလာတဲ့ အိမ်ထောင်ဦးစီး မိခင်များ

Admin 14 Jul 2023

သားသမီးသုံးဦး၏ တာဝန်ကို ထမ်းပိုးနေသည့် ဒေါ်ဝင်းမြရီမှာ ကြီးမားသည့် မျှော်လင့်ချက်တစ်ခု ရှိနေသည်။ တစ်နေ့တွင် ရရှိသည်ဝင်ငွေလေးဖြင့် မိသားစုသုံးဦး ထမင်းတစ်နပ် ဝဝလင်လင် စားသောက်နိုင်ရေးပင် ဖြစ်ပေသည်။

မတူညီတဲ့ လူမျိုးစုတွေရဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး (သို့မဟုတ်) ဒေါ်ချိုချိုရီ

Admin 12 Jul 2023

၂၀၁၅ ရွေးကာက်ပွဲပြီးနောက် ပြည်ထောင်စုအဆင့်မှ ပြည်နယ်/တိုင်းဒေသကြီး၊ မြို့နယ်ရပ်ကွက်/ကျေးရွာ စသည့် အုပ်ချုပ်ရေးဆိုင်ရာ နေရာများတွင် အမျိုးသမီးအချို့ ပိုမိုပါဝင်ပြီး ဦးဆောင်လာခြင်းများ ရှိလာသည်။ သို့သော် လက်ချိုးရေတွက်၍ရသည့် အနေအထားတွင်သာ ရှိသည်။

ဆေးတစ်ခါကုဖို့ လမ်းစရိတ် တစ်သိန်းကုန်နေရတဲ့ ဒေသ

Admin 07 Jul 2023

“အရေးပေါ် နေမကောင်းဖြစ်ကြတဲ့သူတွေဆိုရင် လုံးဝကို အသက်ပေးသွားရတယ်။ တစ်နှစ်ကို ရွာကတစ်ယောက် မဟုတ်ရင် တစ်ယောက်ကတော့ နေမကောင်းဖြစ်ပြီး သေဆုံးတာတွေရှိတယ်။"

နိုင်ငံတကာအကူအညီ မျှော်လင့်နေရသော မုန်တိုင်းသင့်ပြည်သူများ

Admin 28 Jun 2023

နိုင်ငံတကာက အကူအညီများစွာပေးထားကြောင်း သတင်းဖော်ပြနေသော်လည်း မြေပြင်တွင် မုန်တိုင်းသင့်ပြည်သူများ လက်ဝယ်သို့ ထိရောက်သည့်အကူအညီများ ရောက်မလာသေးကြောင်း ပြည်သူများက ပြောသည်။

ပဲ့ကိုင်ရှင်မရှိတဲ့ တိုက်နယ်ဆေးရုံတွေ

Admin 09 May 2023

“ဆရာဝန်ရှိတဲ့အချိန် အဆင်ပြေပေမယ့် မရှိတဲ့အချိန်မှာ ဆိုးဆိုးရွားရွားဖြစ်တယ်။ အိမ်တစ်ဆောင်မှာ အိမ်ထောင်ဦးစီးရှိဖို့ လိုအပ်သလို ဆေးရုံတစ်ရုံတစ်မှာလည်း ဆရာဝန်ရှိရင် ကျန်းမာရေးကိစ္စတွေ အများကြီး ကူညီပေးနိုင်တယ်”

Showing 61-80 of 483 items.