စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်က သတင်းသမားဘဝ
10 May 2022
စစ်အာဏာသိမ်းပြီးနောက်တွင် သတင်းမီဒီယာသမား (၁၅၆)ဦးဖမ်းဆီးခံခဲ့ရပြီး ထိုအထဲမှ(၉၅)ဦးမှာ ပြန်လည်လွတ်မြောက်လာသည်။ သို့သော် လက်ရှိအချိန်ထိ သတင်းသမား(၆၁)ဦး ဆက်လက်ဖမ်းဆီး ခံထားရဆဲဖြစ်ကာ သတင်းသမားသုံးဦးမှာလည်း အသက်ဆုံးရှုံးခဲ့ရသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့က မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။