- စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ ကျိန္တလီဒေသခံများ စားဝတ်နေရေးအခက်ကြုံ
- သံတွဲရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျ၍ ဒေသခံတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ
- စစ်ခေါင်းဆောင် သမ္မတနေရာယူခြင်းမှာ “အရှက်အကြောက်မဲ့ခြင်း” ဟု နိုင်ငံရေးအကဲခတ်များ ဝေဖန်
- အိန္ဒိယနှင့် စစ်ကောင်စီ စစ်ဘက်ဆိုင်ရာပူးပေါင်းမှု မြှင့်တင်မည်
- အိန္ဒိယနယ်စပ်မှ စက်သုံးဆီများကို မြန်မာသို့ မတင်သွင်းရန် ဒေသခရိုင်တရားရုံး အမိန့်ထုတ်
စစ်ရှုံးနေသော စစ်ကောင်စီသည် AA ကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လုပ်ကြံတိုက်ခိုက်နေ
ရခိုင်ဒေသတွင် စစ်ရေးအရရှုံးမဲမဲနေသော စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(ULA/AA) ကို မူးယစ်ဆေးဝါး လုပ်ငန်းများနှင့်ပတ်သက်ကြောင်း စွပ်စွဲပြောဆိုပြီး မဟုတ်မမှန်သတင်းများဖြင့် လုပ်ကြံတိုက်ခိုက်နေသည်ဟု AA က ပြောဆိုလိုက်သည်။
27 Mar 2024
![စစ်ကောင်စီထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်ဆိုသော “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘော။ (ဓာတ်ပုံ - cincds)](https://assets.dmediag.com/2024/3/mv_spm_wy.jpg)
ရန်ကုန် - စစ်တွေ ပြေးဆွဲနေသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောတွင် “AA ကို ထောက်ပံ့နေသူများ၏ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိသည်” ဆိုသည့်ကိစ္စမှာ စစ်ကောင်စီလုပ်နေကျ နိုင်ငံရေးအောက်လမ်းနည်းဖြင့် လုပ်ကြံတိုက်ခိုက်မှုသာဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
“ရခိုင်ပြည်ကို ဆန်တစေ့၊ ဆေးတစ်လုံးတောင် မရောက်ရအောင် စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပါ ပိတ်ဆို့ထားတဲ့အချိန်မှာ သူတို့နယ်လုံဆီက ခွင့်ပြုချက်မရဘဲ ဘယ်သင်္ဘောမှ ထွက်ခွာခွင့်၊ ပြေးဆွဲခွင့် မရဘူး။ ပြေးဆွဲခွင့်ရတဲ့ သင်္ဘောတွေအားလုံးဟာ သူတို့ကထိန်းချုပ်ထားတဲ့ သင်္ဘောတွေဖြစ်တယ်” ဟု ဦးခိုင်သုခက မတ်လ ၂၇ ရက်တွင် ၎င်း၏ Telegram Channel တွင် ရေးသားထားသည်။
ဆက်လက်၍ ဦးခိုင်သုခက “ဒီလိုအချိန်မှာ စစ်တွေသွားမယ့်သင်္ဘောမှာ မူးယစ်ဆေးဝါးတွေ့တယ်ဆိုတဲ့ ပြောဆိုချက်က ယုတ္တိမတန်သလို မြေပြင်ပကတိအခြေအနေနဲ့ လုံးဝကင်းကွာနေတာ တွေ့ရတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်း၌ စစ်တွေမြို့သို့ပို့ဆောင်မည့် ရက္ခိုင့်တပ်တော်(AA)၏ ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန် - စစ်တွေပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောတွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်တွေမြို့မှ AA ထောက်ပံ့ရေးတာဝန်ခံ သန့်ဇင်ဦးက ဘူးသီးတောင်ထောက်ပံ့ရေးတာဝန်ခံ မေယုထွန်းနှင့် ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးများကို ရန်ကုန်မှတစ်ဆင့် စစ်တွေ - ဘူးသီးတောင်သို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
ယင်းနောက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးနေသော ထွန်းသိန်းအောင်နှင့် ဇနီးဖြစ်သူ စုမြတ်ဝေတို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများမှာ လေးလကျော်ကြာအထိ ပြင်းထန်နေဆဲ ဖြစ်သည်။
ရခိုင်စစ်မျက်နှာတွင် တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးခံနေရသော စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့ရွာရပ်ကွက်များကို လက်နက်ကြီး၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇတ်မှုမျိုးစုံကို ကျူးလွန်နေသည်။