- မြောက်ကိုရီးယားတွင် တောင်ကိုရီးယားဇာတ်ကားများနှင့် ဗီဒီယိုဖိုင်များ မျှဝေကြည့်ရှုမှုကြောင့် ကွပ်မျက်ခံရမှုများရှိ
- တစ်နိုင်ငံလုံး ဒေသထုတ်ကုန်ပြိုင်ပွဲတွင် ရခိုင်ဓနိဖူးထုတ်ကုန် ပထမအဆင့်ရရှိ
- စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား
- မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး
- မင်းပြားမှ AA သံသယဖြင့်တရားစွဲခံရသူအမှု အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၈ လထိ ကြာမြင့်လာ
စစ်တွေတွင် တည်ဆောက်နေသည့် ရန်ပြေမာန်ပြေဘုရားကြီးမှ သိန်း ၆၀ ကျော်တန်ဖိုးရှိ ဆောက်လုပ်ရေးပစ္စည်းများ အခိုးခံရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ကိုးရီးယားဆိပ်ကမ်း (ခေါ်) BXTဆိပ်ကမ်းအတွင်းတွင် တည်ဆောက်နေသည့် ရန်ပြေမာန်ပြေဘုရားကြီးသိမ်မှ ငွေကျပ်သိန်း ၆၀ ကျော်ခန့်တန်ဖိုးရှိ ဆောက်လုပ်ရေးပစ္စည်းများ အခိုးခံလိုက်ရကြောင်း သတင်းရရှိသည်။
22 Apr 2022
DMG ၊ ဧပြီ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ကိုးရီးယားဆိပ်ကမ်း (ခေါ်) BXTဆိပ်ကမ်းအတွင်းတွင် တည်ဆောက်နေသည့် ရန်ပြေမာန်ပြေဘုရားကြီးသိမ်မှ ငွေကျပ်သိန်း ၆၀ ကျော်ခန့်တန်ဖိုးရှိ ဆောက်လုပ်ရေးပစ္စည်းများ အခိုးခံလိုက်ရကြောင်း သတင်းရရှိသည်။
အခိုးခံရသည့်ပစ္စည်းများထဲတွင် အချင်း (၄)လက်မ၊ အရှညိ ၁၀ ပေရှိသည့် သံပိုက် ၂၁ ချောင်းနှင့် ၂၅ ကောင်စက်တစ်လုံး၊ ၁၀ ကေဗွီဒိုင်နမိုစက်နှစ်လုံးတို့ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ တာဝန်ခံ ဦးစံမြက DMG ကိုပြောသည်။
“နှစ်ရက်ဆက်တိုက် အခိုးခံရတာ။ ခန့်မှန်းခြေ သိန်း ၆၀ ဖိုးလောက်ပါသွားတယ်”ဟု ဦးစံမြကပြောသည်။
ထိုပစ္စည်းများမှာ ဧပြီ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ခိုးယူခံရခြင်းဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။
လက်ရှိတွင် အဆိုပါပစ္စည်းများပျောက်ဆုံးမှုအတွက် အမှတ်(၁) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသော်လည်း တရားခံကို ဖမ်းမမိသေးကြောင်း သိရသည်။
ထိုသို့ဆောက်လုပ်နေဆဲဘုရားမှ ပစ္စည်းများအခိုးခံရခြင်းမှာ စစ်တွေမြို့တွင် လုံခြုံရေးအားနည်းချက်ရှိနေခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
သိန်းပေါင်းများစွာ အကုန်ကျခံဆောက်လုပ်နေသည့် ဘုရားကြီးမှ ပစ္စည်းခိုးသူတို့အား ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသင့်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးမောင်သာစိန်ကပြောသည်။
“ဒီလောက်သူခိုးတွေပေါနေတာကို လိုက်မဖမ်းနိုင်ဘူးဆိုရင် အဲသူခိုးတွေက အဲလောက်အများကြီးပစ္စည်းတွေကို ဘယ်လိုသွားရောင်းမှာလဲ”ဟု ဦးမောင်သာစိန်ကပြောသည်။
ရန်ပြေမာန်ပြေဘုရားကြီးကို အဓိဋ္ဌာန်ဆရာတော်ကြီးမှ ဦးစီးတည်ဆောက်နေခြင်းဖြစ်ကာ အဆိုပါဘုရားကို ၂၀၂၀ ခုနှစ်မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ဘုရားဉာဏ်တော်အမြင့် ၇၂ ပေနှင့် ပလ္လင်အမြင့် ၁၁ ပေရှိသည်။
အဆိုပါဘုရားကြီးတွင် လုံခြုံရေးညစောင့်တစ်ဦးခန့်ထားကြောင်းလည်း ဂေါပကအဖွဲ့ထံမှသိရသည်။