- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ရခိုင်တွင် ရွှေတစ်ကျပ်သား သိန်း ၄၀ နီးပါးထိ ဈေးမြင့်တက်
ရခိုင်ပြည်တွင် ယနေ့ အခေါက်ရွှေ (၁၆) ပဲ တစ်ကျပ်သားကို ငွေကျပ် သုံးဆယ့်ရှစ်သိန်းလေးသောင်းခွဲနှင့် (၁၅)ပဲ တစ်ကျပ်သားကို ငွေကျပ် သုံးဆယ့်ခြောက်သိန်းဝန်းကျင် အထိရှိကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။
17 Aug 2023

DMG ၊ ဩဂုတ် ၁၇
မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေပြီးနောက် ရွှေဈေးနှုန်းမှာလည်း တဟုန်ထိုးမြင့်တက်လာပြီး ရွှေတစ်ကျပ်သားကို ငွေကျပ် သိန်း ၄၀ နီးပါးအထိ မြင့်တက်နေသည်။
ရခိုင်ပြည်တွင် ယနေ့ အခေါက်ရွှေ (၁၆) ပဲ တစ်ကျပ်သားကို ငွေကျပ် သုံးဆယ့်ရှစ်သိန်းလေးသောင်းခွဲနှင့် (၁၅)ပဲ တစ်ကျပ်သားကို ငွေကျပ် သုံးဆယ့်ခြောက်သိန်းဝန်းကျင် အထိရှိကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။
“ဇူလိုင်လအတွင်းကတော့ သုံးဆယ်လောက်ပဲ ရှိခဲ့တာ။ နှစ်သောင်းတန် ဂယက်ကြောင့် ထိုးတက်လာတာပဲ” ဟု စစ်တွေမြို့က ‘ပွင့်သစ်စ’ ရတနာရွှေဆိုင်ပိုင်ရှင်က ပြောသည်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူ မထုတ်မီအချိန်က အခေါက်ရွှေ (၁၆)ပဲ တစ်ကျပ်သားကို ငွေကျပ် သုံးဆယ့် သုံးသောင်းဝန်းကျင်နှင့် (၁၅) ပဲ တစ်ကျပ်သားကို နှစ်ဆယ့်ရှစ်သိန်း ဝန်းကျင်ရှိရာမှ သိန်းလေးဆယ်နီးပါးထိ မြင့်တက်လာခြင်းဖြစ်သည်။
ရွှေဈေး အဆမတန် မြင့်တက်လာခြင်းကြောင့် ဝယ်ယူသူနည်းပါးပြီး ရွှေပေါင်နှံသူများပြားနေကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။
“ရွှေဈေးတက်တော့ ရွှေဆိုင်လုပ်ငန်းလုပ်သူတွေလည်း အခက်အခဲရှိတယ်။ ဝယ်သူတွေမှ မရှိတော့တာ။ ဒီထက်ဆိုးတာက ရွှေဆိုင်အလုပ်သမားတွေအတွက် ပိုပြီးခက်ခဲလာတာ” ဟု စစ်တွေမြို့မှ ရွှေဆိုင်ပိုင်ရှင် ဦးမောင်ကြီးက ပြောသည်။
ရွှေဈေးနှုန်းမြင့်တက်မှု အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းမြင့်တက်လာနေပြီး အခြေခံလူတန်းစားများမှာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရခက်ခဲနေကြသည်။
“ကုန်ဈေးနှုန်းတွေတက်တော့ အခြေခံလူတန်းစားတွေ အငတ်ဘေးဆိုက်ဖို့ပဲရှိတော့တယ်။ အလုပ်အကိုင်တွေ ရှား၊ စားနပ်ရိက္ခာတွေ ဈေးတက်တော့ ထိုင်ပြီးဆုတောင်းရုံပဲရှိတယ်” ဟု စစ်တွေဒေသခံ ဒေါ်ပန်းဝေက ပြောသည်။
ရခိုင်ပြည်တွင် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်နစ်နာသွားမှုများကို ပြန်လည်နာလန်ထူနိုင်ရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကိုပါ တပြိုက်နက်တည်း ခံစားနေကြရသည်။
#I010