- မောင်တောတွင် ပိတ်မိနေသည့် ဒေသခံတချို့ သတ်ဖြတ်ခံနေရ
- မိုးသည်းစွာရွာသွန်းမှုကြောင့် တောင်ကုတ်၊ သံတွဲ၊ ဂွတွင် ရေကြီးနေ
- AA ထိုးစစ် ဂွသို့ မလာနိုင်စေရန် ချင်းကွင်းတံတားကို စစ်ကောင်စီ ဖျက်ဆီး
- တောတောင်အမှီပြု ရခိုင်ဒေသခံများ မိုင်းနင်းမိမှု ဆက်တိုက်ဖြစ်နေ
- စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ ကျိန္တလီဒေသခံများ စားဝတ်နေရေးအခက်ကြုံ
ရခိုင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုသူများကို AA စတင်ဖိတ်ခေါ်
ရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးရေးကိုအထောက်အကူပြုသော မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြုကြိုဆိုကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)က ယနေ့ ထုတ်ပြန်သည်။
25 Mar 2024
AA အနေဖြင့် လက်ရှိသိမ်းပိုက်ရရှိထားသော မြို့/ရွာများ၏တည်ငြိမ်ရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ အဝဝတို့အတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်နေသည်။
ထို့ကြောင့် ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်လိုသူများကို လှိုက်လှဲစွာကြိုဆိုပြီး ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုလည်း ကာကွယ်ပေးမည်ဟု AA က ပြောဆိုထားသည်။
လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ULA/AA နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် AA က တိုက်တွန်းထားသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ဒေသအတွင်း တည်ငြိမ်မှုရရှိအောင် စနစ်တကျထိန်းသိမ်းပြီး ပြည်သူ့အကျိုးစီးပွား၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းဆုံးကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။ '
လက်ရှိတွင် ရခိုင်ပြည်က ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ရယူထားသည်။