အဟောင်းများမှ ရုန်းထွက်ခြင်း - မဖြူ၊ ကဗျာတစ်အုပ်နှင့် စိန်ခေါ်သံများ
07 Jan 2019
မဖြူသည် လိင်စော်ကားခံရသူတော့ မဟုတ်ပါ။ သို့သော် မိမိအလိုကို ဆန့်ကျင်လျက် အိမ်ထောင်ချပေးခြင်းကြောင့် လိင်စော်ကားခံရသူနဲ့ မခြားသာ ဖြစ်လေမည်။ ပထမအိမ်ထောင်တွင် လင့်အလိုကို မိုက်ရူးရဲဆန်စွာ ဆန့်ကျင်ခဲ့သည်။ မဖြူ၏ စိတ်နှင့်ခန္ဓာကို လင်က မည်သို့ မည်ပုံ နာကျင်ခံစားစေရသလဲ ဆိုတာတော့ ရေးမပြ၊ အိပ်ခန်းထဲကကိစ္စဟု မိဘများက သတ်မှတ်သဖြင့် ပြောဆို၍ မရ။ ကျွန်တော်ကဖြင့် မဖြူ မျက်ရည်များကို ဘာသာပြန်၍ရလျှင် ပြန်ချင်စမ်းပါဘိ။ အခုခေတ်စကားနဲ့ ဆိုရင်တော့ “အိမ်တွင်းအကြမ်းဖက်မှု” ဟု ခေါင်းစဉ်တပ်၍ ရကောင်းရနိုင်မည်။