- ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ
- လက်နက်မချလျှင် 'အမြစ်ဖြတ်ချေမှုန်းခံရမည်' အစ္စရေးက ဟားမားစ်ကို ခြိမ်းခြောက်
- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၈၆ သန်းအထိ လိုအပ်နေကြောင်း WFP ပြော
မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသူများအား နောက်ထပ် ၆ လတာ ကူညီထောက်ပံ့ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၆ သန်း လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) က သြဂုတ်လ ၆ ရက်၊ သောကြာနေ့တွင် ပြောကြားလိုက်သည်။
07 Aug 2021

DMG ၊ ဩဂုတ် ၇
မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသူများအား နောက်ထပ် ၆ လတာ ကူညီထောက်ပံ့ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၆ သန်း လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) က သြဂုတ်လ ၆ ရက်၊ သောကြာနေ့တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအကျပ်အတည်းနှင့် ကိုဗစ်-၁၉ ကပ်ဘေးဒဏ်များ၏ ရိုက်ခတ်မှုတို့သည် နိုင်ငံကို ဆူနာမီလှိုင်းလုံး ရိုက်ခတ်ခံရသကဲ့သို့ ဖြစ်နေပြီး မြန်မာလူထုသည် ၎င်းတို့ဘဝတွင် အခက်ခဲဆုံး ကာလကို ရင်ဆိုင်နေရသည်ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်အန်ဒါဆင်က ပြောကြားသည်။
နိုင်ငံတွင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသူ အရေအတွက်သည် ၂၀၂၁ ဖေဖော်ဝါရီလ မတိုင်မီက ၂.၈ သန်းခန့် ရှိခဲ့သည်။ ဧပြီလအတွင်း WFP က တွက်ချက်မှုများအရ နောက်ထပ် ခြောက်လအတွင်း ၆.၂ သန်းခန့်အထိ တိုးလာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။
မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှုသည် ပိုမိုနက်ရှိုင်းစွာ ကျယ်ပြန့်လာနေကြောင်းလည်း စတီဖင်အန်ဒါဆင်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၂၀၂၁ ခုနှစ်အတွင်း WFP ထံမှ အစားအစာ၊ ငွေကြေးနှင့်၊ အာဟာရ ထောက်ပံ့မှုများကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်ခံရရှိခဲ့သူ ၁.၂၅ သန်းရှိပြီး ၎င်းတို့အနက် ၃၆၀၀၀၀ မှာ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်ကြောင်း WFP ၏ သြဂုတ်လ ၆ ရက်နေ့ သတင်းတွင် ဖော်ပြထားသည်။