စင်္ကာပူထံမှ 1MDB ရန်ပုံငွေ ကန်ဒေါ်လာ ၁၆ သန်း ပြန်ရဟု မလေးရှားပြော

စင်္ကာပူနိုင်ငံသည် ဒေါ်လာ ဘီလျံပေါင်းများစွာ အရှုပ်အရှင်းပေါ်ပေါက်ခဲ့သည့် 1MDB အစိုးရရန်ပုံငွေ နှင့်ဆက်စပ်နေသည့် အမေရိကန်ဒေါ်လာ ၁၆.၃ သန်းခန့် စင်္ကာပူထံမှ ပြန်လည်ရရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က သောကြာနေ့တွင် ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

20 Nov 2021

ဓာတ်ပုံ - Reuters

DMG ၊ နိုဝင်ဘာ ၂၀

စင်္ကာပူနိုင်ငံသည် ဒေါ်လာ ဘီလျံပေါင်းများစွာ အရှုပ်အရှင်းပေါ်ပေါက်ခဲ့သည့် 1MDB အစိုးရရန်ပုံငွေ နှင့်ဆက်စပ်နေသည့် အမေရိကန်ဒေါ်လာ ၁၆.၃ သန်းခန့် စင်္ကာပူထံမှ ပြန်လည်ရရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က သောကြာနေ့တွင် ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံအများအပြားရှိ ရာထူးကြီးအရာရှိများနှင့် ငွေကြေးအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် ကမ္ဘာလုံးချီကျယ်ပြန့်သော ငွေကြေးမသမာမှုတွင် ၂၀၀၉ နှင့် ၂၀၁၄ အကြား၌ 1MDB ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံခန့် ငွေကြေးစီးဆင်းမှု ရှိခဲ့သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားသည်။

စာရင်းအတိအကျ မရသည့် ငွေစုစုပေါင်း ဘီလျံများစွာ ကျန်နေသေးကြောင်း မလေးရှားက ပြောသည်။

မလေးရှားနိုင်ငံသည် 1MDB ၏ ပိုင်ဆိုင်မှုများမှ မလေးရှားရင်းဂစ်ငွေ ၂၀.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၄.၉ ဘီလျံ) ခန့်အထိ ပြန်ရထားပြီဟု မလေးရှားအဂတိတိုက်ဖျက်ရေးကော်မရှင်၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဆွစ်ဇာလန်၊ ကူဝိတ်၊ မောရေးရှ၊ ဆိုက်ပရပ်နှင့် ဟောင်ကောင်တို့အပါအဝင် နိုင်ငံအချို့၌ ရှိနေသည့် ငွေကြေးများ ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

1MDB သည် နိုင်ငံပိုင် ငွေကြေးရံပုံငွေဖြစ်ကာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ယခင် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က ၂၀၀၉ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်အကြား ကာလများတွင် 1MDB သည် ငွေတိုက်စာချုပ်များ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် ဖက်စပ်လုပ်ငန်းများ ဆောင်ရွက်လည်ပတ်ခဲ့သည်။

မလေးရှားနှင့် အမေရိကန်အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ 1MDB ၏ ရာထူးမြင့်အရာရှိများနှင့် ၎င်းတို့၏ ကုမ္ပဏီများသည် 1MDB မှ ဒေါ်လာ ၄.၅ ဘီလျံခန့် ခိုးယူပြီး ဇိမ်ခံပစ္စည်းများနှင့် အိမ်ခြံမြေများ ဝယ်ယူသုံးစွဲခဲ့သည်ဟု သိရသည်။

1MDB ငွေကြေးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး အမှုပေါင်း ၂၂ မှုအထိ တရားစွဲဆိုထားကြောင်း မလေးရှားအစိုးရက ၂၀၂၁ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ