- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ပါကစ္စတန်တွင် ရထားနှစ်စင်း တိုက်မိပြီး ၄၀ ထက်မနည်း သေဆုံး
ပါကစ္စတန်နိုင်ငံတွင် ယနေ့ (ဇွန် ၇) နံနက် ၃ နာရီခွဲဝန်းကျင်၌ ရထားနှစ်စင်း တိုက်မိပြီး သေဆုံးသူ ၄၀ ထက်မနည်း ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Jun 2021

DMG ၊ ဇွန် ၈
ပါကစ္စတန်နိုင်ငံတွင် ယနေ့ (ဇွန် ၇) နံနက် ၃ နာရီခွဲဝန်းကျင်၌ ရထားနှစ်စင်း တိုက်မိပြီး သေဆုံးသူ ၄၀ ထက်မနည်း ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒဏ်ရာရသူ ၁၀၀ ဝန်းကျင်ရှိပြီး အနီးအနားရှိ ရွာသားများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် ယနေ့ညပိုင်းအထိ အလောင်းများနှင့် ဒဏ်ရာရသူများအား အပျက်အစီးများကြားမှ ဆွဲထုတ်နိုင်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။
ပါကစ္စတန်စစ်တပ်ကလည်း တပ်ဖွဲ့ဝင်များနှင့်အတူ အကူအညီပေးလျက်ရှိသလို ဒဏ်ရာပြင်းထန်သူများအား ရဟတ်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးမည်ဟု အရာရှိများက ပြောသည်။
ကရာချိမြို့မှ ထွက်ခွာလာသည့် Millat ရထား လမ်းချော်သွားပြီး မိနစ်ပိုင်းအကြာတွင် မျက်နှာချင်းဆိုင်ရှိ ရာဝါပင်ဒိ မှ ထွက်ခွာလာသည့် Sir Syed ရထားက ဝင်တိုက်မိခြင်း ဖြစ်သည်။
ရထားနှစ်စင်းပေါ်တွင် လိုက်ပါသွားသူ ခရီးသည်စုစုပေါင်း ၁၁၀၀ ခန့်ရှိကြောင်း မီးရထားအရာရှိများထံမှ သိရသည်။
ပါကစ္စတန်တွင် ရထားမတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး အစိုရကလည်း သက်တမ်းကြာမြင့်နေပြီဖြစ်သည့် ရထားလမ်းများနှင့် အချက်ပြမီးများကို ဂရုတစိုက် အဆင့်မြှင့် ထိန်းသိမ်းခြင်းမျိုး မရှိပေ။