- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ငါးနှစ်အတွင်း ရုရှားက အိန္ဒိယသို့ လက်နက်ရောင်းချမှု ကန်ဒေါ်လာ ၁၃ ဘီလျံဖိုးရှိ
အိန္ဒိယသည် ရုရှားထံမှ လက်နက်အများဆုံး ဝယ်ယူနေသည့် ဖောက်သည်နိုင်ငံကြီးဖြစ်သည်။ ရုရှား၏ လက်ရှိလက်နက်ရောင်းချမှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသည် အိန္ဒိယမှ ဝယ်ယူနေခြင်း ဖြစ်သည်။
14 Feb 2023
ပြီးခဲ့သော ငါးနှစ်တာအတွင်း ရုရှားက အိန္ဒိယနိုင်ငံအတွက် လက်နက်ရောင်းချမှုသည် အမေရိကန်ဒေါ်လာ ၁၃ ဘီလျံဖိုးရှိခဲ့သည်ဟု ရုရှားအစိုးရပိုင် Interfax သတင်းဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နှောင်းပိုင်းတွင် ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်အရ သိရသည်။
“ရုရှားက ယူကရိန်းတွင် ဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးနှင့် ဆက်စပ်ပြီး အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက အိန္ဒိယကို ကြီးမားသောဖိအားများ ပေးလျက်ရှိသော်လည်း အိန္ဒိယသည် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများတွင် ရုရှား၏ အကြီးဆုံး မိတ်ဘက်များအနက် တစ်ဦးအဖြစ် ရှိနေဆဲဖြစ်သည်” ဟု ရုရှား စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနအကြီးအကဲ ဒီမိထရိရှုဂါယက်က ပြောကြားကြောင်း Interfax တွင် ဖော်ပြထားသည်။
အိန္ဒိယသည် ရုရှားထံမှ လက်နက်အများဆုံး ဝယ်ယူနေသည့် ဖောက်သည်နိုင်ငံကြီးဖြစ်သည်။ ရုရှား၏ လက်ရှိလက်နက်ရောင်းချမှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသည် အိန္ဒိယမှ ဝယ်ယူနေခြင်း ဖြစ်သည်။
အာရှမှ ဖောက်သည်များသည် ရုရှားလုပ် S-400 Triumf ဒုံးကျည်ကာကွယ်ရေးစနစ်၊ မြေပြင်မှဝေဟင်ပစ် တာတိုဒုံးကျည်စနစ်များ၊ Su-30 စစ်လေယာဉ်များ၊ MiG-29 ရဟတ်ယာဉ်များနှင့် ဒရုန်းများကို အထူးစိတ်ဝင်စားကြသည်ဟု ရှုဂါယက်က ပြောကြားသည်။
ရုရှား၏ နှစ်စဉ် လက်နက်ရောင်းချမှုသည် အမေရိကန်ဒေါ်လာ ၁၄ မှ ၁၅ ဘီလျံအတွင်းရှိပြီး လက်နက်အမှာစာရင်းသည် အမေရိကန်ဒေါ်လာ ၅၀ ဘီလျံခန့်၌ ပုံမှန်ရှိနေသည်ဟု Interfax က ဖော်ပြသည်။
အိန္ဒိယ၏ ၁၄ ကြိမ်မြောက် နိုင်ငံတကာ လေကြောင်းပြပွဲ Aero India 2023 တွင် ရုရှားက လက်နက်နှင့် စစ်ဘက်ပစ္စည်း နမူနာပေါင်း ၂၀၀ ခန့် ပြသသွားမည်ဟု ရုရှားအစိုးရပိုင် TASS သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
နယူးဒေလီသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထိထိရောက်ရောက် ဝေဖန်ပြောကြားခြင်းမျိုး မပြုလုပ်ထားပေ။ အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ပဋိပက္ခကို ဖြေရှင်းရန်အတွက် သံတမန်နည်းအရ စေ့စပ်ညှိနှိုင်းကြရန်သာ ပြောကြားထားသည်။