- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
အင်အားပြင်းမုန်တိုင်း အန်ဖန်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်တွင် ၂၄ ဦးထက်မနည်း သေဆုံး
ဗုဒ္ဓဟူးနေ့ညပိုင်းက တိုက်ခတ်သွားတဲ့ အားပြင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း အန်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိခဲ့ပါတယ်။
21 May 2020

ဗုဒ္ဓဟူးနေ့ညပိုင်းက တိုက်ခတ်သွားတဲ့ အားပြင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း အန်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိခဲ့ပါတယ်။
မုန်တိုင်းကြောင့် ခေါင်မိုးလန်၊ တံတားတွေပျက်စီးတာတွေ ရှိခဲ့သလို အမြစ်ကနေကျွတ်ထွက်ကုန်တဲ့ သစ်ပင်တွေ ထောင်ချီရှိတယ်လို့ ဘီဘီစီသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ခုထိရှိနေဆဲပါ။
၁၉၉၉ ခုနှစ်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းတွေအနက် အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်ကြောင်း ဒီသတင်းမှာ ရေးသားထားပါတယ်။
လက်ရှိအချိန်အထိ သေဆုံးသူ ဘင်္ဂလားဒေ့ရှ်မှာ သေဆုံးသူ ၁၀ ဦး၊ အိန္ဒိယမှာ ၁၄ ဦးအထိ အတည်ပြုသိရှိထားတယ်လို့ အေအက်ဖ်ပီသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အများစုဟာ နံရံတွေပြိုလဲမှုမှာ သေဆုံးတာ၊ ရေနစ်သေဆုံးတာနဲ့ သစ်ပင်တွေပြိုလဲမှုကြောင့် ဖြစ်ကြပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အန်ဖန်ဟာ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ကမ်းခြေကိုဝင်တဲ့အချိန်မှာ တိုက်ခတ်နှုန်းဟာ တစ်နာရီကို ၁၁၈ မိုင်အထိပြင်းထန်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကတစ်ဆင့် ကာလက္ကတားမြို့ဆီဦးတည်သွားတာဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ အားပျော့သွားပြီဖြစ်ပြီး ဘူတန်မြောက်ပိုင်းကို ဝင်နေပါတယ်။