- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
အသက် ၃၀ အရွယ်ရှိ ဂူအန်တီယန်ဖင်း အမည်ရ အမျိုးသားသည် တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်တွင် နေထိုင်သည်ဟု ယုံကြည်ရသည့် အချက်အလက်များရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုသည်။
11 Dec 2024
ကွန်ပြူတာ Firewalls များကို Hacking လုပ်ရန် ကြံစည်ကြိုးစားခဲ့သော တရုတ်အမျိုးသားတစ်ဦးနှင့် အပေါင်းပါများကို ဖမ်းဆီးရန်အတွက် သတင်းအချက်အလက်ပေးသူများကို အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးပေးမည်ဟု အမေရိကန်ပြည်ထောင်စုက ဒီဇင်ဘာ ၁၀ ရက်နေ့ တွင် ဆုကြေးထုတ် ကမ်းလှမ်းထားသည်ဟု AFP က ဖော်ပြထားသည်။
အသက် ၃၀ အရွယ်ရှိ ဂူအန်တီယန်ဖင်း အမည်ရ အမျိုးသားသည် တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်တွင် နေထိုင်သည်ဟု ယုံကြည်ရသည့် အချက်အလက်များရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုသည်။
ဂူအန်ကို ကွန်ပြူတာဆိုင်ရာ မသမာမှုနှင့် ဆက်သွယ်ရေးကြေးနန်းဆိုင်ရာ မသမာမှုများ ကျူးလွန်ရန် ပူးပေါင်းကျူးလွန်ရန် ကြံစည်မှုများဖြင့် အင်္ဂါနေ့က စွဲချက်တင်ခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဌာနသည် ဂူအန်အလုပ် လုပ်ကိုင်နေသည့် Sichuan Silence သတင်းအချက်အလက်နှင့် နည်းပညာလုပ်ငန်းစုကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားလိုက်ပြီလည်းဖြစ်သည်။
Sichuan Silence သတင်းအချက်အလက်နှင့် နည်းပညာလုပ်ငန်းစုတွင် အလုပ်,လုပ်ကိုင်ခဲ့သော ဂူအန်နှင့် ပူးပေါင်းကြံစည်သူ အပေါင်းအပါများသည် ဗြိတိန်အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Sophos က ရောင်းချသည့် Firewalls များတွင် အားနည်းချက်များရှိခဲ့သည်ကို အခွင့်ကောင်းယူကာ အသုံးချသွားခဲ့သည်ဟု စွပ်စွဲခံထားရသည်။
“"တရားခံနှင့် ၎င်း၏ အပေါင်းအပါ ပူးပေါင်းကြံစည်သူများသည် သောင်းနှင့်ချီသော ကွန်ရက်လုံခြုံရေး ကိရိယာများတွင် ပါရှိနေသော အားနည်းချက်တစ်ခုကို အသုံးချကာ ကမ္ဘာတစ်ဝှမ်းရှိ သားကောင်များထံမှ အချက်အလက်များ ခိုးယူရန် ဒီဇိုင်းထုတ်ထားသော Malware ဖြင့် အချက်အလက်များကို ယူသွားခဲ့သည်" ဟု အမေရိကန် ဒုတိယရှေ့နေချုပ် လီဆာမိုနာကိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် ဧပြီလတွင် တစ်ကမ္ဘာလုံးရှိ Firewall စက်ပစ္စည်းပေါင်း ၈၁,၀၀၀ ခန့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရပြီး ယင်းတိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ သုံးစွဲသူအမည်များနှင့် စကားဝှက်များ၊ ဒေတာများကို ခိုးယူရန် အပါအဝင် ကွန်ပြူတာများကို Ransomware နှင့်ကူးစက်ရန် ကြိုးစားခဲ့ကြောင်း တရားစွဲဆိုချက်တွင် ဖော်ပြထားသည်။