- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
ဘီဘီစီသတင်းဌာန၏ နယူးဒေလီရုံးခွဲကို အာဏာပိုင်များ ဝင်ရောက်စီးနင်း
အာဏာပိုင်များသည် ရုံးကို စီးနင်းပြီးနောက် တယ်လီဖုန်းများအားလုံးကို သိမ်းယူလျက်ရှိကြောင်း ဘီဘီစီဝန်ထမ်းတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
15 Feb 2023
အိန္ဒိယအကောက်ခွန် အာဏာပိုင်များသည် နယူးဒေလီမြို့ရှိ ဘီဘီစီသတင်းဌာနရုံးကို အင်္ဂါနေ့တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ဝေဖန်ထားသည့် ဘီဘီစီ၏ သတင်းရုပ်သံ ထုတ်လွှင့်ခဲ့ပြီး သီတင်းပတ်အနည်းငယ် အကြာ၌ ယခုကဲ့သို့ စီးနင်းခံရခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များသည် အဆောက်အအုံကို ချိပ်ပိတ်ထားပြီး အရာရှိ ၆ ဦးသည်လည်း လူများ ဝင်ထွက်သွားလာခြင်း မပြုနိုင်အောင် ရုံးပြင်ပတွင် စောင့်ကြပ်လျက်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။
အာဏာပိုင်များသည် ရုံးကို စီးနင်းပြီးနောက် တယ်လီဖုန်းများအားလုံးကို သိမ်းယူလျက်ရှိကြောင်း ဘီဘီစီဝန်ထမ်းတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
“ရုံးထဲမှာတော့ အစိုးရ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေကြဆဲပါ” ဟု အရာရှိတစ်ဦးက ပြောသည်။
အိန္ဒိယ ဝင်ငွေအခွန်ဌာနသို့ အေအက်ဖ်ပီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဘီဘီစီသတင်းဌာနသည် ပြီးခဲ့သောလက လက်ရှိအိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ပတ်သက်သည့် သတင်းရုပ်သံတစ်ခုကို နှစ်ပိုင်းခွဲ၍ ထုတ်လွှင့်ခဲ့သည်။
“အိန္ဒိယ - မိုဒီမေးခွန်း” ဟု အမည်ပေးထားသည့် အဆိုပါသတင်းရုပ်သံ၌ ဂူဂျာရက်ပြည်နယ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် မိုဒီတာဝန်ထမ်းဆောင်နေစဉ် ၂၀၀၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများ၌ ရဲတပ်ဖွဲ့ဝင်များ ဝင်မပါကြရန် မိုဒီက အမိန့်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
လူ ၁၀၀၀ ထက်မနည်း သေဆုံးခဲ့ရသည့် အဆိုပါအဓိကရုဏ်းများတွင် အများစုမှာ လူနည်းစု မူဆလင်များ ဖြစ်ကြသည်။
ဒေလီအစိုးရသည် အဆိုပါသတင်းရုပ်သံကို တားမြစ်ခဲ့သလို တွစ်တာပေါ်၌ မျှဝေခြင်း မပြုနိုင်အောင်လည်း အရေးပေါ်အာဏာ အသုံးပြုကာ ပိတ်ပင်ခဲ့သည်။
နောက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားများသည် အစိုးရ၏ အမိန့်ကို ဆန့်ကျင်ကာ အဆိုပါဗီဒီယိုကို အုပ်စုလိုက် မျှဝေကြည့်ရှုခြင်း၊ ပြသခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဒေလီတက္ကသိုလ်တွင် အဆိုပါဗီဒီယိုဖိုင်ကို ပြသနေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ရပ်ဆိုင်းခဲ့သလို ကျောင်းသား ၂၄ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။