- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဗိုင်းရပ်စ်ပြန့်ပွားမှုအား ထိန်းချုပ်ရန်အတွက် လေကြောင်းလိုင်းများလိုက်နာရမည့် စည်းကမ်းသစ်များ အမေရိကန်ထုတ်ပြန်
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအား ထိန်းချုပ်သည့် လုပ်ငန်းစဉ်များအနက် တစ်ခုအဖြစ် လေကြောင်းလိုင်းများ လိုက်နာရမည့် လမ်းညွှန်ချက်များအား အမေရိကန် အမိမြေလုံခြုံရေးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်လိုက်သည်။
03 Feb 2020

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအား ထိန်းချုပ်သည့် လုပ်ငန်းစဉ်များအနက် တစ်ခုအဖြစ် လေကြောင်းလိုင်းများ လိုက်နာရမည့် လမ်းညွှန်ချက်များအား အမေရိကန် အမိမြေလုံခြုံရေးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်လိုက်သည်။
၁၄ ရက်အတွင်း တရုတ်ပြည်သို့ ရောက်ရှိခဲ့သူ တစ်ဦးဦး လိုက်ပါလာကြောင်း စစ်ဆေးတွေ့ရှိရပါက မြေပြင်သို့ မဆင်းသက်မီ လေယာဉ်အား နောက်ပြန်လှည့်ခိုင်းဖွယ်ရှိသည်ဟုလည်း အမိမြေလုံခြုံရေးဌာနက ပြောကြားလိုက်သည်။
အဆိုပါစည်းကမ်းများသည် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီနောက်ပိုင်း ဆင်းသက်သည့် လေကြောင်းလိုင်းများတွင် စတင်သက်ရောက်မည်ဖြစ်သည်။
ရောဂါ အဓိကစတင်ပြန့်ပွားရာ ဟူဘေခရိုင်ရှိ အမေရိကန်နိုင်ငံသားများအား ပြန်ခေါ်ရန်အတွက် လေကြောင်းလိုင်းတချို့ ပြေးဆွဲရန်ရှိကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်။
“အချိန်အတိအကျကိုတော့ တရုတ်အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။” ဟု ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ကန့်၌ တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဝန်ကြီးက ပြောကြားသည်။
၁၄ ရက်အတွင်း တရုတ်ပြည်သို့ ခရီးသွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား တစ်ဦးဦး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည်ကို စုံစမ်းသိရှိရပါက သတ်မှတ်ထားသော လေဆိပ် ၈ ခုထဲမှ တစ်ခုခုသို့ ဆင်းသက်စေမည်ဟု အသစ်ထုတ်ပြန်လိုက်သော စည်းကမ်းချက်များထဲတွင် ပါရှိသည်။ အဆိုပါလေဆိပ်တွင် လိုအပ်သော စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
၁၄ ရက်အတွင်း တရုတ်ပြည်သို့ သွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား မဟုတ်သူများကိုမူ အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်သည်။
အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၁ ဦးတွေ့ရှိထားပြီဖြစ်ကြောင်း ကယ်လီဖိုးနီးယား ကျန်းမာရေးအရာရှိများက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် တရုတ်ပြည်တွင်း၌ သေဆုံးသူ ၃၆၁ ဦး၊ ကူးစက်ခံထားရသူ ၁၇၂၀၅ ဦးရှိသွားပြီဟု တရုတ်အစိုးရ ကျန်းမာရေးကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။